"မင်း ကွမ်းတွေလျော့စားစမ်း အကဲ"
"ကျုပ်စားနေလို့လား "
ကွမ်းယာတစ်ယာကိုပါးစပ်ထဲ ထိုးသိပ်ထည့်ရင်း ဗြောင်ညာသည်။
ဥိီးဧက ခေါင်းကိုအသာယမ်းမိသည်။
ဒုစရိုက်နဲ့အကျိုးပေးသော ကလေး
memory တွေ ဆုံးရှုံးထားတာတောင် လက်ငုပ်လက်ရင်းကို ဆက်ပြီး ကိုင်တွယ်နိုင်သည်။အခုတော့ သူတို့ ဇာတ်မြုပ်နေထိုင်ရာ အောက်ပြည်အောက်ရွာ အရပ်ကလေးမှာ လယ်ပိုင်အိမ်ပိုင်နှင့် ဘယ်သူမှ မရိပ်စားမိအောင် နေထိုင်နိုင်ခဲ့သည်။
ဂိုဏ်းပေါင်းစုံဟာ သားဖြစ်သူ အသက်လုနေရတဲ့ အချိန်မှာ နည်းမျိုးစုံနဲ့ ကြိုးကိုင်လာသည်။
သူ့အပေါ် တလဲွနာကြည်းချက်တွေ နဲ့ အနိုင်ယူခဲ့သည့်သားဖြစ်သူဟာ သေလုမျောပါး
ကိုယ့်မျက်စိရှေ့ရောက်လာတော့ အာဃာတလည်း မထားနိုင် india မှာ တောက်လျောက် ဆေးတက်ကုပေးရသည်။
သမီးဖြစ်သူ ထိုက် ဟာ ဘယ်လိုနည်းနဲ့ တွေ့ပြီး ခေါ်လာတယ် ဘာဖြစ်ခဲ့လည်းဆိုတာကို ယနေ့ထိ ဖွင့်မပြောခဲ့အမာရွတ်ကြီး ထင်းနေသော ဦးခေါင်းပုံစံကြောင့်ဆံပင်ရှည်ထားခိုင်းလည်းမရ
အမြဲ ဘိုကေတသသနှင့်"KTV ကိစ္စ စစ်မှန်တို့အခဲ မကျေဘူး အကဲ တကယ်ဆို သူတို့လုပ်ကွက်လေ ငါတိူ့လည်း အဲ့နေရာကို အသည်းသန်မှ မလိုအပ်တာ"
သူပြောတာကို ကွမ်းစားရင် နားထောင်နေရဲ့လားတောင် မသိ
ဖုန်းကို သဲကြီးမဲကြီး ကြည့်နေသည်။"အကဲ!!!"
"ဘာတုန်း ကျုပ်အမေလင်ရာ!!!!!"
ဖြေပုံက နူးနူးညံ့ည့့ံ မေးမည့်သူတောင် နဲနဲ လန့်သွားရသည်။
"ငါပြောချင်တာက!!"
"နေဦး ကျုပ်သွားစရာကိစ္စပေါ်လာပြီ"
"ဟာ ဟေ့ကောင် နေဦး မင်းကိုလုပ်ကြံနိုင်လို့ငါပြောတာသွားသတိလာသတိဆိုတာ"
ဆိုင်ကယ်ပေါ် တက်ခွရင်း ခပ်မဲ့မဲ့ ြ္ပန်လှည့်ကြည့်သည်။
ကွမ်းစားထားတာကြောင့် နှုတ်ခမ်းတွေရဲစပ်နေသည်။ကော့ညွတ် မည်းနက်နေသော မျက်တောင်ဖျားတွေက မှေးဆင်းရင်း
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...