part-2

2.4K 141 15
                                    

"မဖြစ်နိုင်တာဆိုတာ မရှိပါဘူး၊
ကျုပ်တို့ ငွေပိုပေးမှာ"

ဦး စစ်မှန်ဆိုတဲ့ လူက နာမည် နဲ့ မလိုက်ဖက်စွာ ငွေစကားကို ပြောဆိုလာသည်။

"ကျွန်မကလည်း မရောင်းနိုင်ဘူးရှင့် ဒီမြေဟာ ကျွန်မ ခင်ပွန်း၀ယ်ထားပေးတာ"

"ကြိုက်စျေးပြောပါ ကျုပ်ကလည်း
ခေါင်းမာတယ် လို ချင်တာမှန်သမျှ ကျုပ်တို့က ဖြစ်အောင်လုပ်တာ"

"အဲ့တာ က ရှင်တို့ကိစ္စ အခု လာရာလမ်းအတိုင်းပြန်ကြပါ မဟုတ်ရင် ကျွန်မ ရဲကို ဖုနး်ခေါ်မှာ"

ဦးစစ်မှန်က သူ့နှုတ်ခမ်းမွှေးကားကားကြီးကို လက်နှင့်သပ်ချရင်း မချိုမချဥ္ ပြုံးလိုက်သည်။ သူ့နောက် မှာလည်း ကိုယ်ရံတော်လို နှစ်ယောက်က အသင့်အနေထားနှင့်
ရောက်ထဲက ထိုင်လည်း မထိုင်
အပြင်မှာလည်း ကားတွေက သုံးစီးလောက် ရှိသည်။

သူမ ထိုလူကို ဒီလောက်ထိအခြွေရံသင်းပင်းနဲ့ လာမယ်လို့မယူဆမိတာကြောင့် ဆိုင်မှာ အတာရယ် သူမရယ် သူမလက်ထောက် တစ်ဥိီးပဲရှိလေ၏။

ဦးစစ်မှန်က
ကောင်တာနားထက် ခြေထောက်နာနေတာကြောင့် သူတို့ပြောသမျှ ငြိမ်သက်စွာ နားထောင်နေတဲ့ အတာ့ဆီ ကြည့်ကာ

"ကျုပ် နောက်တစ်ကြိမ်ထပ်လာခဲ့ပါမယ်
စဥ္းစားထားပါ ကလေးမ"

"ကျွန်မကလည်း ထပ်ပြောမယ် ဒီမြေဒီနေရာကို ဘယ်သူ့မှ မရောင်းနိုင်ဘူး"

"အဟွန်း ညည်းသားလေးက  အညွန့်တလူလူနဲ့နော် သူ့အတွက် ရော သူပညာရေးအတွက်ပါ စဥ္းစားသင့်တယ်"

အတာ့ကိုကြည့်ရင်း ဥိီးစစ်မှန် တိတိပပ ခြိမ်းခြောက်သည်။
သားသမီး ဆိုတဲ့အသိကြောင့် မယ် မျက်နှာပျက်သွားတာကို ဥိီးစစ်မှန်က သဘောတကျ ကြည့်ရယ်သည်။

"မာမီ "

တစ်ချိန်လုံးငြိမ်သက်နေသော အတာက မအေ ဖြစ်သူထံ ထလာတော့

"အတာ  သားရယ် ​ခုံမှာထိုင်နေလေ မာမီပြီးတာနဲ့ သားစားချင်တဲ့ မုန့်၀ယ်ကျွေးမယ်"

"သားမစားချင်ဘူး"

"ဟေ့ မင်းနာမည်ဘယ်သူလဲ"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now