"Rose!!!"
"နင် အနားမလာနဲ့!!!"
ခါးခါးသီးသီးအော်လိုက်တာကြောင့် ရိုင်းရင်ထဲ ထူပူလာသည်။
သူမဘာတွေ သိလိုက်လို့ ဒေါသတကြီးနှင့် သူ့ကို အော်ရတာလဲ"နင် က နင်..က လိမ်ထားတာပဲ ငါ့ကို"
"မဟုတ်ပါဘူးကွာ ကိုယ်လေ"
"ဒေါက်!!!"
ကော်ဖီခွက်လေးက သူ့ဆီပြေး၀င်လာတော့ အကျင့်ပါနေတဲ့ သူ့အတွက် လှစ်ကနဲရှောင်လို့ရပေမယ့် မရှောင်
"ဟာ!!!"
သူမပဲ ပေါက်ပြီး ရိုင်းနဖူးစပ်က သွေးစထွက်လာတော့ မနေနိုင်ပဲ အနားကပ်ကာ ခြေမကိုင်မိလက် မကိုင်မိနှင့်အော်သည်။
"လူဆိုး နင် ကရှောင်လေ ငါ က...."
သွေးစတို့ကို သုတ်ပေးရင်း
ငိုမဲ့မဲ့ဖြစ်နေသော မယ့်ကို ရိုင်းက အံ့ဩစွာကြည့်ရင်း"ဘာလို့လဲ Rose စိတ်ဆိုးရတဲ့ အကြောင်း သိပါရစေ ကိူယ် လေ"
"ငါ့ထက်ငယ်တာကို အသက်လိမ်ပြီး ယူထားလို့လေ မှတ်ပုံတင်ကို အခုနမှ ထုတ်ကြည့်မိတော့ သိရတာ
သိသိခြင်းလာပြောဖို့ လုပ်တဲ့အချိန်နင်က ဒေါသတကြီး ဆူပုတ်နေတော့ ငါလည်း ပိုဒေါသထွက်သွားတာ""ဟား!!!"
ရိုင်းက သက်ပြင်းရှည်ကြီးချရင်း မယ့်လက်ကလေးကို ဆွဲယူလိုက်တော့ မယ်က ရိုင်းရင်ခွင်ထဲ တန်းရောက်သွားသည်။
မထင်မှတ်ထားတာမို့ မယ်ဟာ ရင်ခွင်ထဲနစ်မြုပ်လျက်ရှိနေပြီး"အရမ်းမုန်းသွားမှာ... မုန်းသွားမှာကို ကြောက်နေခဲ့တာ"
"ဟင့်အင်း မမုန်းပါဘူး"
မယ်က ရင်ခွင်ထဲကနေ ခေါင်းလေးခါပြီးပြောသည်။
"ထူးဆန်းတယ် သိလား ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး ရှင့်ကို မုန်းလို့မရဘူး"
"ကျေးဇူးတင်ပါတယ် ကိုယ့်ဘ၀မှာ အကြောက်ရဆူံးက Rose ထားခဲ့မယ့်အချိန်ပဲ"
"နေပါဦး လွှတ်ဦး ဘာလို့ အသက်ကို ညာထားတာလဲ"
"အသက်ငယ်တယ်ဆိုရင် ကိုယ့်ကို ပိုပြီး မယုံကြည်မှာစိုးလို့"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...