part-8

3.5K 123 6
                                    


ညနေစောင်းပဲရှိသေးပေမယ့် မိုးရိပ်ကြောင့် အာကာတခွင်လုံး မှိုင်းညို့နေသည်။
မိုးသံတဖြောက်ဖြောက်ဟာ ပျင်းရိငိုက္မြည်းဖွယ်
မကြာခင် မိုးသည်းတော့မှာမို့ ရွာထဲကအိမ်တွေအားလုံး မီးမှိတိသူမှိတ်
အိပ်စာစောစော၀င်ကြသူ၀င်ကြနှင့် တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့ပေမယ့် သီဟမောင် အိမ်မှာတော့ ထိုအရာတွေနှင့် ဆန့်ကျင်ဖက်

"မူးအောင်သောက်အကိုရေ!!!"

"အေးကွာ ဆရာကပြောတုန်းက ဒီလောက်ထိအလိုက်သိမယ် မထင်ဘူး!!!"

"ဟားဟား ကျွန်တော်က ဦးဧကနဲ့ ကိုသန်းဇော်ကို ဒီလိုသေသေချာချာပြုစုချင်တာ!!"

"ကျေနပ်တယ်ဗျာ ကျုပ်က ရုံးမှာသာအလုပ်လုပ်နေရတာ မော်တော်ဆိုင်ကယ်ကောင်းကောင်းသာရှိ လွှတ်စီးချင်တာဗျ!!"

"ကြသလားလို့ ရွာလမ်းဆိုပြီး အထင်မသေးနဲ့ နက်ဖြန် စီးစေရမယ်ဗျာ!!"

"ဟားဟား ဟန်ကျတာပဲ!!"

ဦးဧက ကတော့ မူးလာဟန်နှင့် ဆိုဖာကနေထရပ်လိုက်ကာ

"ကျုပ်သောက်တာ များသွားပြီနဲ့တူတယ် အခန်းမှာပြန်နားဦးမယ်!!"

"ဟာ အစောကြီးရှိသေးတယ်လေ ဦးဧက !!"

"မင်းတို့ပဲ ဆက်နေကြလေ ကျုပ်ကအမြည်းတွေလည်း ကောင်းကောင်းစားလိုက်တော့ ဗိုက်ပါလေးသွားတာ!!"

"ကောင်းပါပြီဗျ ဒါဆို အချိုပွဲလေးတွေ မကြာခင် ရောက်တော့ မှာ လက်လွတ်ခံတော့ဖို့လား!!!"

"ဟင် ရှိသေးတာလား"

စကားကို အစံပါပါပြောလိုက်တဲ့ သီဟမောင်စကားကြောင့် ဦးဧက မျက်ခုံးတစ်ဖက် မြင့်တက်သွားရသည်။
ဒါမျိုးစိတ်တအားမ၀င်စားပေမယ့် မြင်လိုက်တာနဲ့ မေ့မရတဲ့ မျက်နှာလေးတစ်ခုက ကွက်ကနဲပေါ်လာသည် ။

ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ဟင်းချက်တဲ့နေရာမှာ  သူလှစ်ကနဲ တွေ့လိုက်ရတာပါ

ဒီအိမ္ထဲ မိန်းမသားတစ်ယောက် အခုလိုအချိန်မတော် လာဖို့ဆိုတာ မဖြစ်နိုင်

ပြီးတော့ ရွာသူအသွေးအမွေးလည်းမဟုတ်တာကြောင့် ဧက ကြိတ်ပျော်သွားရသည်။

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းHikayelerin yaşadığı yer. Şimdi keşfedin