"ခံရခက်နေတာမယ် အာ့တာ သ၀န်တိုနေတာ!!"
"ဟုတ်တယ် ပန်းချီ မယ်သ၀န်တိုတယ်
မယ်လေ ကိုယ့်ကိုကိုယ် အားငယ်မိတာ ပထမဆုံးပဲ!!""ဟိုတစ်ယောက် တော်တော် လှလို့လား"
"အင်း မြန်မာအမျိုးသမီးတွေရဲ့အလှမျိုး "
"လုံး၀တောင့်ဖြောင့်ကျော့ရှင်းတယ်ပေါ့"
"အင်း!!!'
မယ်က ခေါင်းလေးအသာငုံညိတ်ပြရင်း မျက်ရည်စတို့ ပေါက်ကနဲကြွေလွင့်သွားသည်။
နှာဖျားစပ်လေးတွေနီရဲနေကာ ပါးတွေရဲနေသည့်အထိ ၀မ်းနည်းနေသည်။
ငိုချချင်တာတောင် ထိန်းချုပ်နေရသလိုမျိုး"မယ် မယ် ဘယ်လိုလုပ်သင့်လဲ ဒါလီ ဟင်??"
ဒါလီက ကျေနပ်စွာကြည့်နေရမှ မယ် မေးလာတော့ စိတ်မကောင်းသည့်ပုံစံလုပ်ပြရင်း
"ငါတို့က ရည်းစားမထားဖူးသေးတော့လေ ဟို ဘယ်လို အကြံပေးရမလဲမသိဘူး နော် ပန်းချီ"
"အင်း ဒါပေမယ့် ရုပ်ရှင်ထဲမှာဆို မင်းသမီးက ပွဲကြမ်းပစ်တာနော်"
"ဟင် ဖြစ်ပါ့မလား သူတို့က ဖောက်ပြန်နေတာမှ မဟုတ်သေးတာ ပြီးတော့ ကိုကိုကလည်း နည်းနည်းစိတ်ဆိုးသွားရုံပါအဲ့နေ့က!!'
"အာ့တာပေါ့ အခုထဲကခေါင်းငုံ့နေရင်
မယ့်ရှေ့တင် ပေါ်တင်ဟိုက စနိုက်သွားမှာသိရဲ့လား!!""ဟုတ်တယ် ရာထူးစံက လည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်နော် မယ့်လို ကလေးသာသာပုံစံထက် ဟိုလို classic levelကို
ကြေွဆင်းသွားရင် ဘယ်လိုလုပ်မလဲ"ပန်းချီတို့ပြောတာနားထောင်ရင်း မယ်စိတ်တွေကပိုပြီး ပူပန်လာရသည်။
ရင်တွေတလှပ်လှပ်ခုန်ရင်း ကိုကိုသာထိုမိန်းကလေးနောက်ပါသွားရင်ဆိုတဲ့အတွေးက ငရဲတစ်ခုလို ထိတ်လန့်စွာပေါ်ထွက်လာသည်။"မယ် မယ် ...ပြန်ဦးမယ်!!"
"ဟင်နေပါဦး!!"
"အေးလေ ခနစိတ်ငြိမ်အောင်နေပြီးမှ...'
မယ်က သူမတို့ပြောတာတွေ မကြားတော့ဘဲ လွယ်အိတ်လေးဆွဲကာပြေးထွက်သွားခဲ့လေပြီ။
ဒါလီက မျက်နှာရိပ်ပြတော့ ပန်းချီက ဘာကိုပြောချင်လဲဆိုတာ သဘောပေါက်သည့်ပုံနှင့်
ပြုံးလိုက်သည်။
ဆေးထိုးပေးလိုက်တာတောင် သိရှာမည့်ပုံမပေါ်

KAMU SEDANG MEMBACA
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romansa"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...