"ဘယ်ကိုခေါ်လာတာလဲ ရိုင်း!!!"
"အေးဆေးနေစမ်းပါ သာယာ နင့်ကို
ကယ်လာတဲ့ငါ့ကို နဲနဲပါးပါးတော့ လေးစားဦးမှပေါ့""ဦးသီဟက ဘာလို့ငါ့ကို ချုပ်နှောင်ထားရတာလဲ နင်ကရော ဘယ်နေရာကနေ လှည့်ပတ်ခေါ်ထုတ်လာရတာလဲ"
"အခြေနေမှန်ကို ကြားနာဖို့ နင့်မှာ အင်အားလိုသေးတယ်
နောက်တစ်ခုပြောမယ်
မေးခွန်းတွေကို ငါမဖြေမှာသိလျက်နဲ့ မမေးနဲ့"သာယာ အံတင်းတင်းကြိတိရင်း ကားမောင်းနေတဲ့ ရိုင်းရဲ့ ဘေးတစောင်းပုံရိပ်ကို ကြည့်နေမိသည်။
ဘေးတိုက်အနေထားမို့ စင်းကျနေသော နှာတံကော့ညွတ်နေသော မျက်တောင်းဖျားတွေ ပိရိသေသပ်သောနှုတ်ခမ်းသားတို့က
မျက်နှာလွှဲခွင့် မပေးနိုင်အောင် ဆြဲဆောင်လွန်းနေသည်။သူမရဲ့ ဖုန်းက ဦးသီဟ ဆီရောက်ထဲက မရှိတော့တာ
မပြောမဆို လူကို ဖမ်းချုပ်ပြီး ဂိုထောင်ထဲ ထည့်ထားတာ တစ်ညနဲ့ တစ်မနက်
အစောင့်များစွာရှိပေမယ့် သူမကို လူစားလဲက ခဲရာခဲစစ် ပြန်ထုတ်ပေးသည့် ရိုင်းကိုလည်းအံ့ဩသည်။မေးမိတော့လည်း အဖြေတစ်ခုမှ ရေရေ ရာရာ မသိရ
တာယာရော အဖေရော
ဘယ်နေရာမှာလည်း
အခုအရမ်းသိချင်တာက ဖေဖေ့ကျန်းမာရေး
တာယာ့တည်နေရာရယ်
ငြိမ်သက်နေသောရိုင်းကိုကြည့်ခြင်းအားဖြင့်
မုန်တိုင်းမလာခင် တည်ငြိမ်နေသော လေထုတွေလို....နင့်ရဲ့ ရိုက်ချက်ပြင်းထဲမှာ ငါကဘယ်နေရာကလဲ ရိုင်း
အခုကယ်တာကရော နင့်ရဲ့ထိန်းချုပ်
မှုအောက်္မှာထားဖို့လား ...
မေးခွန်းတွေရဲ့အလယ်မှာ
ငြိမ်သက်ကာစဉ်းစားနေမိခြင်းေတွဟာသာယာရဲ့မျက်နှာပေါ်မှာ ကူးလူးဖြတ်သန်းနေ၏။ထိုအခြင်းရာကိုပဲ ရိုင်းက အကဲခတ်ရင်း"အတွေးတွေထဲက မေးနေပြန်ပြီလား
အချိန်တန်သိရမှာပေါ့ မလောနဲ့""ငါမလောလို့ ရမလားရိုင်း ငါတောင်းပန်ပါတယ်
ငါ့ကိုစိတ်ကြိုက်အပစ်ပေးပါ
ဖေဖေ့ကိုတော့!!!""တိတ်စမ်း ငါ့ကို လာမချုပ်ကိုင်နဲ့ မလွှမ်းမိုးနဲ့
ဘယ်ဟာကို ဘယ်လိုစီရင်ရမလဲ ငါပဲ ဆုံးဖြတ်မယ်!!!"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...