part-11

2K 160 18
                                    

"မင်းရဲ့အကဲ ဟုတ်လား !!!"

"ဟုတ်တယ် ဘာလဲ ကျုပ်က ဘာကြောင့်ဆိုတာထပ်ရှင်းပြရမှာလား"

"မင်းပါးစပ်ပိတ်ထားစမ်း ငါ့သမီးကို မင်းလိုလူက ပိုင်စိုးပိုင်နင်းပြောတာအသဲ အနာဆုံးပဲ
လာ မယ်!!!'

ဒေါ်ရနံ့သွယ် မယ့်လက် ကိုကိုင်လိုက်လျင်ပဲ အကဲက လျင်မြန်စွာ မယ့်လက်ကောက်၀တ်ကိုဖမ်းဆဲွလိုက်သည်။

"အို"

"ဒါဘာလုပ်တာလဲ ဟေ့ကောင်"

"ခက်ပြီ လက် ကိုင်လိုက်တာလေ မမြင်ဘူးလား"

"တော်ကြပါတော့!!!'

မယ်သူတို့အဖြစ်တွေကိုကြည့်ရင်းစိတ်ကုန်စွာအော်ချလိုက်သည်။

"မေမေတို့အရမ်းလွန်တယ်သိလား"

"ဘာ!!!"

"မေမေတို့ ဖြစ်ချင်တာကိုပဲ သိကြတယ်
ဘယ်အရာက မယ့်ကိုပျော်စေလဲ မေမေတို့ မသိကြဘူး
မယ့်ဘ၀မှာ မေမေ့အပေါ် အရှက်ရအောင်လုပ်မိတယ်ဆိုပြီးတွေးမိလို့ နေ့စဥ္နဲ့အမျှ အပစ်တစ်ခုလို ခံယူထားတာ"

"သမီးကိုရော မေမေ ဘာတွေလုပ် မိလို့လည်း
ဒီလမ်းမှားနေလို့ ငါသေရင်သေပစေဆိုပြီး လာကယ်တာဟဲ့"

"အဲ့တာ အတ္တပါ မေမေ
ငါထားသလိုနေ ငါပြောတာလုပ်ဆိုတဲ့
မေမေ့ရဲ့ အတ္တ"

"ညည်း!!"

"ဖြန်း!!"

ပါးတစ်ဖက်တို့ထူပူသွားသည်။
သို့ပေမယ့် မယ် မျက်ရည်တို့ကိုပုတ်ခတ်သိမ်းရင်း

"ဒီပါးတွေ အချခံရလို့ ပုပ်သွားရင်တောင်
မယ် အကုန်​ရအောင်ပြောမှာ"

"တော်လိုက်တော့ ညည်း"

မသွယ်က အတင်း မယ့်ကို တားသည်။

မယ်ကလက် မခံဘဲ မျက်နှာလေးမော့ကာ

"မေမေတို့ အဲ့အတ္တကို မဖယ်နိုင်သရွေ့
မေ့မေ့ဆီ ဘယ်တော့မှ ပြန်မလာဘူး
ပြီးတော့ ဦးရာထူးစံ
မယ်ဘယ်တော့မှ ရှင့်ကို လက် မခံဘူး
မယ်ကျောခိုင်းလိုက်ထဲက မယ့်အနာဂတ်မှာ ရှင်ဟာ ပျောက်ဆုံးခြင်းပဲ"

"ဂျစ်တူး!!!မင်းအဲ့လိုပြောလို့မရဘူးနော်
မင်းကိုယ့်ကို အဲ့လိုထားခဲ့ လို့မရဘူး"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now