part-24

3.8K 176 4
                                    

"မငိုပါနဲ့ကွာနော် ကိုယ်တောင်းပန်တယ်"

ကားပေါ်မှာပဲ တစ်ညလုံးသူမတို့ရှိနေခဲ့ကြပြီး နူးညံ့သောအနမ်းတွေကလွဲလို့ ရိုင်းက ဘာတစ်ခုမှထပ်မကျူးကျော်

"မေမေတို့ မသွယ်တို့သိရင် မယ့် ကို မယ့်ကို အဟင့်!!!"

"ကိုယ်ရှိတယ်လေ နော် "

"ဟင့်အင်း ရှင့်ကိုလည်းမယူဘူး
မယ် အိမ်ထောင်မကျချင်သေးဘူး ပြီးတော့..."'

"အရင်တစ်ယောက်ကို မမေ့နိုင်သေးတာလား?"

သူအေးစက်စွာမေးလာတော့ မယ် ငြိမ်သက်သွားသည်။စိတ်ဆိုးပြီး မယူအောင်
‌ေဖြလိုက်ရမလား
အမှန်တိုင်းပြောလိုက်ရမလား ငြိမ်ငြိမ်လေးစဉ်းစားမိတော့

"ရတယ် မဖြေနဲ့ အဖြေကို မကြားချင်တာမို့
ကားပြင်ပြီးတာနဲ့ အိမ်ကို လိုက်ပို့ပေးမယ်"

"ဘ၀!!"

ရိုင်းကမဖြေပဲ သူမကို ကြည့်လာတော့

"မယ်တို့ ဘာမှမှ မကျူးလွန်တာ အိမ်ကိုသေချာပြောပြပြီး"

လှစ်ကနဲပြုံးရင်း ရိုင်းက မယ့်ပါးကို
လက်‌ေချာင်းရှည်တွေနှင့် တို့ထိလာသည်။

"Rose ဖြေရှင်းပေါ့ကြိုက်သလောက်"

"ဘာပြောတယ် ဘ၀!!!'

"အဲ့ဆင်ခြေကို လူကြီးတွေလက်ခံရင်ကောင်းတာပေါ့"

"ဘ၀ရိုင်း ရှင် ယုတ်မာပါလား ဒါ...ဒီခရီးကိုရော ရှင်ကြိုတင်ကြံစည်တာပဲမလား?"

"Roseကိုကားတင်ပြေးဖို့သာရည်ရွယ်ချက်ရှိရင် ကြာပြီပေါ့
အခုဟာက Roseရဲ့သဘောတူညီချက်တွေနဲ့သွားလာခဲ့တာကြီးပဲ"

"အော် နောက်ဆုံးကျ ကျွန်မအနေထိုင် မတတ်တာပေါ့ ‌ဟုတ်ပါတယ် ရှင့်လိုလူကို ယုံစားမိတာ သိလား....'

"ပြောပြတာ ကြိုတင်ကြံစည်မှုတွေမရှိကြောင်း....''

"သေလိုက်!!'

"Rose ကိုချစ်တာကတော့အတည်ပါ"

"အခုပါးစပ်ပိတ်မကြားနိုင်ဘူး ရှင်ကားဆင်းပြင်လိုက်နော် ဒီမှာလူသတ်မိတော့မယ်"

"အဟွန်း တစ်ခုတည်းသောအမှန်တရားက ကိုယ် Rose ကိုအရမ်းချစ်တယ်"

နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်းWhere stories live. Discover now