"ညာတတ်လို့လားမယ်!!!'
ကိုကိုမေးတုန်းက မယ် ဟက်ဟက်
ပက္ပက်္ရယ်ပြီး ဖြေခဲ့ဖူးသည်။ကိုကို့ကို မညာပဲစိတ်ရင်းနဲ့ချစ်ပေးခဲ့တာမို့ ညာစရာမှမလိုတာဟု သူမဖြေလိုက်တော့
ကိုကိုဟာ ပြုံးရိပ်သမ်းပြီး ကြည့်နေခဲ့ဘူးသည်။
ခနကြာတော့ ကိုကိုက ညာခဲ့ရင်ရောမေးလာတော့
မယ်က ကိုကို့ကို ချစ်နေရတာနဲ့ ကိုကိုညာတာတောင် ဂရုပြုမိမှာမဟုတ်ဘူးဆိုပြီး ပြန်ဖြေခဲ့တာဒါကိုပဲ ကိုကိုကသေဘာကျပြီး အလည်လေးဆိုပြီး သူမဆံနွယ်လေးတွေကို ခပ်ဖွဖွ ပွတ်ပေးခဲ့၏။
မျက်ရည်စတို့ မခမ်းခြောက်နိုင်ပေမယ့် သူမမျက်စိရှေ့က ဓာတ်ပုံလေးကတော့ ကြည်လင်စွာရယ်
ပန်းချီတို့ပို့ပေးလာတဲ့ ပုံလေး
ထဲမှာ ကိုကိုနဲ့ ဟိုမိန်းမတို့ ရယ်မော သွားလာနေတဲ့ ပုံရိပ်တချို့
ပခုံးချင်းထိစပ်နေတာကအစ အသက်ရှုဖို့ကို မေ့လျောစေသည်။
ဖုန်းဆက်တာ သိပ်မရှိတော့တဲ့ ကိုကိုဟာ
အချိန်တွေပေးနေခဲ့တာ ထိုက် ဆိုတဲ့မိန်းမအတွက်လားဆံနွယ်တွေကိုခပ်ဖွဖွပွတ်ပေးပြီ
ပါးပြင်ကိုချစ်စနိုးလိမ်ဆွဲတတ်တဲ့ကိုကိုဟာ
ခုတော့ ဟိုမိန်းမ ကားလမ်းကူးဖို့ ကူညီပေးနေတာတဲ့လေ
ဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်လေသလဲမေးပြန်ရင်လည်း လူကြီးဆန်စွာ မေးဖို့ပြောလာမည့် ကိုကို့စကားသံတို့က အတိုင်းသာပြန်ကြားလာရသည်။
အနည်းငယ် ပိန်ကျသွားတဲ့ bodyက မယ့်စိတ်တွေ လုံး၀လေးလံနေတာကို ဖော်ညွှန်းနေဆဲ
ငိုထားလွန်းလို့ မျက်ခွံတို့ကလည်းဖောင်းအစ်နေရသည်။ပုံပြပြီး ဒဲ့မေးလိုက်လို့ ဟုတ်ပါတယ်ဆိုရင်
မယ် ရင်ကွဲရမှာ
မှန်ကိုကြည့်လိုက်တော့
မှန်ထဲကပုံရိပ်ဟာ တက်ကြွမှုမရှိတဲ့ သူမရဲ့အနေထားကို လှစ်ဟာပြနေသည်။
သုံးရက်တိတိ အခန်းထဲငြိမ်ကုပ်နေတာကို
နေမကောင်းလို့ပဲ အိမ်ကသိထားတာဖြစ်သည်။ကိုကို့ကိုမေးသင့်မမေးသင့် သူမဆုံးဖြတ်နေတာ ဒါပါနဲ့ဆို သုံးရက္မြောက်
ပန်းချီတို့တေ့တေ့ဆိုင်ဆိုင်ရှင်းဖို့ပြောပေမယ့် သူမ ခြေလှမ်းတို့က အားမရှိ
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...