"Hay Rose!!!!"
"ဟင်"
သူမ လွမ်းနေခဲ့တဲ့ ခေါ်သံလေး
လှည့်ကြည့်လိုက်တော့ ဘာမှမတွေ့
ငြိမ်သက်နေသောပန်းခင်းကြီးနှင့် မြူတွေသာ ခပ်ထူထူကျဆင်းနေသည်။
ခေါင်းလေးငဲ့စောင်းကာရှာနေသော်လည်းမတွေ့တာကြောင့် တစ်ဖက်ကို ပြန်အလှည့်နှာတံချွန်ချွန်နှင့် နွေးထွေးသောလေငွေ့နွေးက သူမ နဖူးပြင်ကိုထိခတ်သွားသည်။
သူမရှေ့မှာ ဘ၀ဟာ ရှိနေခဲ့ပြီး
နူးညံ့သောအနမ်းတစ်ပွင့်ကို နဖူးပြင်လေးထက် အမြတ်တနိုးထိကပ်နမ်းရှိုက်လာသည်။"ဘ၀!!!"
"ဟုတ်တယ် Roseရဲ့ ဘ၀!!"
"ဘ၀...."
"ပြောလေ Rose!!"
"ဘ၀ရယ် ဘယ်တွေရောက်နေခဲ့တာလဲဟင်
မယ်လေ အရမ်းသတိတွေရနေခဲ့တာ"ငိုနေတာမဟုတ်ဘဲ မယ် ပြုံးနေရင်း မျက်ရည်တွေလည်းအတောမသတ်ကျဆင်းနေကာ
"Roseကို ချစ်တယ် အသက်ထက် မကချစ်တယ် ဒ့ါကြောင့် မငိုနဲ့တော့နော်"
နူးညံ့သောသူ့လေသံတိူးတိုးကအရင်တုန်းကအတိုင်းပင်
ရင်တွေတလှပ်လှပ်ခုန်လာပြီး လူက လေထဲလွင့်နေတာလား ဒါမှမဟုတ် သူမသေဆုံးသွားတာလားလည်တိုင်ထက်အနမ်းနုနုတစ်ပွင့်ထိကပ်လာပြန်သည်။
ဘ၀ကသူမကိုပြုံးအီစွာကြည့်ရင်း"မထင်မှတ်ထားအောင် သန်မာနေလိုက်တာ"
"ဟင့်အင်း ဘ၀ ထင်သလိုမဟုတ်ဘူး
သန်မာတာကို ဘ၀ကြိုက် မယ်ထင်လို့
အဲ့လိုဘ၀နဲ့ ရှင်သန်နေယုံပဲ
ဒါပေမယ့်လေ ရူးလောက်အောင် သတိရနေတာ
ဘ၀သိလား ""သိတယ်"
သူမကိုဘာစကားမှမဆိုတော့ဘဲ
မက ္မက္မောမော နမ်းရှိုက်လာပြန်သည်။
မယ်ဘာစကားမှထပ်မပြောတော့ဘဲ ဘ၀ ကိုတင်းကျပ်စွာပွေ့ဖက် ရင်း ငြိမ်သက်စွာ အနမ်းတွေခံယူမိသည်။လေတိုးသံသဲ့သဲ့ကလဲွလို့ သူမရင်ခုန်သံဟာ အတိုင်းသား.....
...........
"နိုးပြီလား?"
"ဟင်!!!!!"
"ရှင် ရှင် ဘယ်လိုဖြစ်ပြီး
ကျွန်မ က ကျွန်မကဘယ်လိုဒီနေရာကို"
YOU ARE READING
နှင်းဆီတစ်ပွင့်ကိုပစ်မှားခြင်း
Romance"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလံလို မီးကို၀င်တိုးလို့ဆိုပြီး ဝိုင်းမဟားပါနဲ့ ပိုးဖလံကသူ့အလုပ်သူလုပ်လိမ့်မယ် မီးကလည်း အဲ့အတိုင်းပဲ" ...