မရဏဘုံအကျဉ်းထောင်မှ အဆောင်တိုင်းမှာတာဝန်ကိုယ်စီရှိကြသလို အဆင့်အနိမ့်အမြင့်အလိုက် ခံစားခွင့်တွေကလည်းခွဲခြမ်းထားသေးသည်။ ဟန်ဘင်း တွေးမိသည် ထိုသတ်မှတ်ချက်တွေကို မည်သူက မည်သည့်စံနှုန်းနဲ့တိုင်းတာကာ သတ်မှတ်နေသနည်း။
နံနက်၅နာရီတွင်အိပ်ရာထကြရပြီး ၅နာရီခွဲတွင် မနက်စာစားချိန်စပြီး ၆နာရီတွင် အဆောင်အပြင်ဘက်ထွက်ပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြရသည်။အဆောင်တိုင်းတာဝန်ယူစိုက်ပျိုးရသည် ဆိုပေမယ့် အဓိက တာဝန်ယူရသည်မှာ ခရမ်းဆွဲငရဲအဆောင်နဲ့ပင်လယ်ပြာငရဲဆောင် ကထောင်သားများပင်ဖြစ်သည်။
လိမ္မော်ရောင်မုန်တိုင်းအဆောင်ကတော့ ဖြစ်ထွန်းပြီးသား အပင်များကိုသာ ပြုစုစောင့်ရှောက်ရသည့် တာဝန်ဖြစ်သည် တစ်နည်းဆိုရရင် ဘာတာဝန်မှမရှိ။
ထိုသို့ဆိုရကြေးဆိုရင် မြစ်ဝါမြစ်အဆောင်က ပိုလို့တောင်သက်သာနေပြန်သည် ။သူတို့တာဝန်က သူ့လက်အောက်က အဆောင်သုံးခုက တင်ပြလာမှုကို သုံးသပ်ပေးပြီး မြက်ခင်းစိမ်းအဆောင်ကို ပြန်တင်ပြပေးရုံသာဖြစ်သည်။
မြက်ခင်းစိမ်းအဆောင်ကတော့ ဘာဆိုဘာမှမလုပ်ပါဘူးဟုဆိုလျှင် ပိုမှန်နိုင်သည်။မြက်ခင်းစိမ်း အဆောင်က ထောင်ပိုင်၊ထောင်မှူးတွေနဲ့တချို့ထောင်သားတွေနေသည့်အဆောင်ပင်။ထိုလူတွေက မဟူရာမြေ ကိုဝင်ထွက်နိုင်သည့် လူတွေလည်းဖြစ်သည်။ သူတို့ရဲ့အဓိကတာဝန်က မဟူရာမြေကို ကာကွယ်ဖို့ပင်ဖြစ်သည်။
"ဖယ်"
အသက်ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် ပေါက်တူးမကိုင်တတ်ကိုင်တတ်ကိုင်ကာ မြေဆွနေမှုက အားမပါလှသည်မို့ ဟန်ဘင်း ကပေါက်တူးကိုဆွဲယူကာ ထိုကောင်လေးကို သူ့ကိုယ်နဲ့တိုက်ကာ ဘေးကိုတွန်းထုတ်လိုက်သည်။
"ခေါင်းဆောင် ဘင်း ...မလုပ်လည်းရ.."
ပင်လယ်ပြာငရဲဆောင်က ထောင်သားတစ်ယောက်က သူ့ ထံအပြေးလာကာ ပြောပေမယ့် ဟန်ဘင်း ထံမှစူးရှရှအကြည့်နဲ့ ပြန်အကြည့်ခံလိုက်ရသဖြင့် စကားကလမ်းတစ်ဝက်တွင် တန့်သွားတော့သည်။

KAMU SEDANG MEMBACA
End Point
Fiksi PenggemarLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...