Ep - 6

525 66 12
                                    

ဒီလောက်လူရုပ်မပေါ်အောင် အထိုးခံထားရတဲ့လူကိုတောင်မှ ထယ်ရယ် တစ်ယောက် ဘယ်သူ ဘယ်ဝါမှန်း ချက်ချင်းသိတယ်ဆိုတော့ ဟန်ဘင်း အံ့တောင်သြသွားရသည်။ စကားလေးများပြီး လျှာကြောရှည်တာက လွဲလို့ ထယ်ရယ်သည် အတော့်ကိုအသုံးဝင်သား ပဲလို့ သူတွေးနေလိုက်သည်။

"အစ်ကို ထယ်ရယ် နဲ့ သိတာလား..တစ်ခုခု လုပ်ပေးလိုက်လေ..သူ့ကြည့်ရတာ မဟန်ဘူး.."

ယူဂျင်း က မက်သရူး ဆိုသည့် လူကို နောက်ကျော ကနေ မ ကာ နောက်ကနေထိန်းကိုင်ထားပေးရင်း ထယ်ရယ် ကိုပြောလိုက်တော့ ထယ်ရယ် က ဟန်ဘင်း အား မော့ကြည့်လာသည်။

"ခေါင်းဆောင် ဘင်း ကျွန်တော်..ဘာလုပ်ရမလဲဟင်"

"ငါလည်းမသိဘူးလေ.."

"ခေါင်းဆောင် ဘင်း..ပဲ..သူ့ကိုကယ်ထားတာမဟုတ်ဘူးလား..."

"ငါ မကယ်ပါဘူး..."

"သူက ခေါင်းဆောင် ဘင်း....နားမှာမေ့လဲနေတာလေ"

"အင်း...ဒါပေမဲ့..ငါ မကယ်ဘူး"

"ကဲပါဗျာ..အစ်ကိုတို့ရာ...တစ်ခုခုလုပ်ပေးလိုက်ရအောင်ပါ.."

ဟန်ဘင်း နဲ့ ထယ်ရယ် ရဲ့ သူ့လွဲချ ကိုယ့်လွဲချ လုပ်နေသည့် အပြန်အလှန်စကားပြောခန်းအား ယူဂျင်းက စိတ်မရှည်စွာဝင်ပြောရင်းဖြတ်တောက်ပစ်လိုက်တော့.. ၂ယောက်လုံး ထံမှဘာစကားမှထွက်မလာတော့။

ထယ်ရယ် လည်း ဘာလုပ်သင့်လည်း အမြန်တွေးရင်း ပင်လယ်ပြာအဆောင်က သူ့ရဲ့အားကောင်းတဲ့ တပည့်တစ်ယောက်ကိုခေါ်ကာ မက်သရူး ကိုထမ်းပိုးခိုင်းပြီး ခရမ်းဆွဲအဆောင်ကိုပြန်ပို့ပေးလိုက်ရသည်။

ခရမ်းဆွဲအဆောင်ကစိတ်ချရတဲ့အဆောင်သားအချို့ကို ဆေးယူပြီး လိမ်းပေးဖို့မှာကာ ဟန်ဘင်း တို့ဆီပြန်လာခဲ့လိုက်သည်။

"ခေါင်းဆောင် ဘင်း...သူက..ခေါင်းဆောင် ဘင်း ရှာခိုင်းတဲ့တစ်ယောက်လေ.."

"ဟမ် !..."

"ဟာ..ခေါင်းဆောင် က...ရောက်တာတောင်မကြာသေးဘူး...ကောင်လေး ရှာခိုင်းနေရလား.."

*ခွပ်

စကားသံတွေအဆုံးမှာတော့ ဟန်ဘင်း တစ်ယောက် ထယ်ရယ် နဲ့ ယူဂျင်း ရဲ့ ဇာတ်ပိုးကိုတစ်ဖက်တစ်ချက်ကိုင်ကာ ခေါင်းအချင်းချင်းဆောင့်ပေးလိုက်တော့သည်။

End PointWhere stories live. Discover now