{ A/N -
1 . စိတ်ရှုပ်နေရင် ဒီအပိုင်း မဖတ်ပါနဲ့ဦး..ခေါင်းအေးအေးထားပြီးမှ ဖတ်ပါ..။
2. ယူဂျင်း နဲ့ ဂယူ ဆော့နေတဲ့ စစ်တုရင် ကို ကျော်မဖတ်ပါနဲ့.. အဲ့ဒါ သဲလွန်စတွေပါ..။
3. ဘယ်သူ့ကိုမှ သံသယ မဝင်ပါနဲ့..
စာရေးသူ ကတော့ အရပ်ရှစ်မျက်နှာကို ဦးချ ခဲ့ပါတယ်...။
( ဖွ ဟဲ့ လွဲပါစေ ဖယ်ပါစေ.. မကောင်းတဲ့အရာတွေ စာထဲမှာပါ ရှိပါစေ..) }
+++++++++++++++++++++++++++++++++++++++++
ယူဂျင်း ပိတ်ထားသည့် တံခါးနား နားကိုကပ်ကာ အပြင်က အသံဗလံတွေကို နားစွင့်နေသည့်တိုင် ဘာဆိုဘာသံမှမကြားရ...။
" ယူဂျင်းနီး... ဒီမှာ အအေးမသောက်တော့ဘူးလား... မုန့်လည်းလာစားလေ..ပြောတော့ ကြောက်တယ် ဆိုပြီး ဘာလို့ အဲ့ဒီနားသွားနေနေတာလဲ..."
ချောကလက်ကွတ်ကီး စားနေရင်း ယူဂျင်းကို ဆရာလှမ်းလုပ်နေသည့် ဂယူကြောင့် ယူဂျင်း နှာမှုတ်ရင်း ဂယူ့ဘေးနားတွင် ဝင်ထိုင်ကာ သူ့ဝေစု မုန့်ကို ခပ်ဖြည်းဖြည်း တမြှုံ့မြှုံ့စားနေမိသည်..။
ဂယူ ကတော့ စားပြီးသောက်ပြီးသည်နှင့် မပျင်းမရိ စက္ကူကြိုးကြာတွေ ထိုင်ခေါက်နေပြန်သည်..။ ယူဂျင်းကတော့ ပျင်းလို့သေတော့မည်..။ ထိုစဉ် မနေ့ညက ဂယူ့ ရွက်ဖျင်တဲက စစ်တုရင် board ကို သတိရသွားကာ မုန့်တွေကို အမြန် ပါးစပ်ထဲသွပ်သွင်းပြီး ဂယူ ရဲ့ ရွက်ဖျင်တဲ ထဲ အပြေးဝင်သွားတော့သည်..။
" ဒါ ဆော့ရအောင် ဂယူ .. မင်း စစ်တုရင်ဆော့ တတ်လား.."
" နည်းနည်း.."
Borad ကိုဖြန့်ချလိုက်တော့ အထဲက စစ်တုရင် အရုပ်တွေက ကျလာသည်..။ကျလာသည့် အဖြူ နဲ့ အမဲ အရုပ်လေးတွေကို ဂယူ လက်နဲ့ကောက်ကာ ကိုင်ကြည့်ရင်း ယူဂျင်း အမေးကို ပြန်ဖြေလိုက်သည်။
Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.
ŞİMDİ OKUDUĞUN
End Point
Hayran KurguLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...
