Present >>>>>>>>>>>>>>>>>
>>>>>>>>>>>>>>Past
2.5 အသက် ၁၄ အရွယ်မှာ 1.4 က သူ့နားမရှိတော့ ၁၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ 1.4 က End point ကို ပြောင်းရွေ့သွားရတာကြောင့် 2.5 ရင်ထဲ အမျိုးအမည်မသိနိုင်တဲ့ ခံစားချက်တို့ စတင်ကိန်းအောင်း လို့လာခဲ့သည်..။
မိမိ ဘက်ပဲ့ သွားမှ အစက ဂရုမစိုက်ခဲ့သည့် 2.8 ပြောပြခဲ့သည့် 2.0 အကြောင်းက ခေါင်းထဲအလိုလို ရောက်လာခဲ့သည်..။ 2.5 ထက် ၃ နှစ်ငယ်သော ထိုကလေးက တော်တော်လေးကို အဖော်မဲ့ခဲ့ရှာပဲလို့ 2.5 တွေးနေမိသည်..။
2.5 သိမ်းထားခဲ့သည့် စတော်ဘယ်ရီ သကြားလုံးလေးသုံးလုံး ကို 2.0 ရဲ့စားပွဲခုံပေါ် အသာလေးတင်ပေးလိုက်တော့ 2.0 က သူ့ကို မျက်လုံးလှန်ကာ ' ဘာလဲ' ဆိုသည့် အကြည့်ဖြင့် ကြည့်လာသည်။
ကိုယ်တိုင်က စကားနည်းသူပီပီ " မင်းအတွက် " လို့နှုတ်ခမ်းလှုပ်ရုံသာ ပြောလိုက်ပြီး သင်နေသည့် စာထဲပြန်အာရုံစိုက်နေလိုက်သည်..။ 2.8 ကတော့ 1.3 နဲ့အတူ အမဲရောင်နယ်မြေတွင် ပထမဆုံး mission အတွက် ထွက်ခွာသွားပြီဖြစ်တာကြောင့် စာသင်ချိန်မှာ 2.8 က သူတို့နားရှိမနေ..။
" အွန့်.."
ထမင်းစားချိန် သူ့ ထမင်းဗန်းဘေးနားရောက်လာသည့် နွားနို့ဘူးသေးလေး...။ 2.5 လာပေးသည့် သူ့ကို မော့ကြည့်လိုက်တော့ မျက်နှာသေနဲ့ 2.0 က သူ့ဘေးနား ရုပ်တည်ကြီးနဲ့ဝင်ထိုင်ကာ ထမင်းစားနေသည်။
2.0 စကားအများကြီးမပြောပေမယ့် 2.5 က 2.0 ရဲ့အပြုအမူကိုနားလည်နေသည်..။ နွားနို့ဘူးလာပေးခြင်းက 2.5 ပေးသည့် သကြားလုံးကို အလကားမစားနိုင်တာမို့ နွားနို့ဘူးနဲ့လဲခြင်း လို့အဓိပ္ပာယ် သက်ရောက်သည်။
" မင်း ပျင်းနေတာလား... 2.8 မရှိလို့.."
" အဲ့ဒီလိုတွေ မရှိဘူး..."
သူတို့နှစ်ယောက်ကြားမှာ နောက်ထပ်စကားမရှိတော့တဲ့အတိုင်း တိတ်ဆိတ်သွားပြန်သည်။ 2.8 သာရှိရင် ခေါင်းစဉ်ပေါင်းများစွာကို ဦးတည်ကာ ဦးဆောင်ပြောနေမှာ အမှန်ပင်..။

ВЫ ЧИТАЕТЕ
End Point
ФанфикLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...