Extra Point - 6

528 58 57
                                    


13. တစ်ချက်ခုတ် နှစ်ချက်ပြတ်


သားဖြစ်သူ လူပျိုလှည့်မည့်အရေးကစ လိုက်ပါရတာ နည်းနည်းတော့ ကသိကအောက်နိုင်လှပေမယ့် ဂျီဝွန်း မငြီးငြူနိုင်.......။ သားဖြစ်သူက စိတ်အားထက်သန်နေသည်မဟုတ်လား...။

"ဒယ်ဒီ... ဒါလေး ဘယ်လိုနေလဲ..."

" ဂယူ ညာဘက်က တစ်ခုက ပိုအဆင်ပြေလောက်မယ်..."

ဂျီဝွန်းက ဂယူ ဘယ်နဲ့ညာမှာ ကိုင်ထားသည့် အဝတ်အစားတွေထဲက တစ်ခုကို ရွေးပေးလိုက်တော့.. ဂယူ က' အိုကေ' ဟု မှတ်ချက်‌ပေးရင်း ညာဘက်က အဝတ်အစားတစ်စုံကို ဘေးနားဝန်ထမ်းသို့ပေးလိုက်ကာ နောက်ထပ် အဝတ်အစားတွေထပ်ရွေးနေပြန်သည်..။

" ရှန်ဟိုင်း အိမ်မှာလည်း အဝတ်အစားတွေရှိပြီးသား မဟုတ်ဘူးလား.. အဝတ်အစားတွေက ထပ်ဝယ်မှဖြစ်မှာလား.."

မိန်းကလေးတွေထက်တောင် shopping ထွက်ချိန်ပိုကြာနေသည့် သားအဖနှစ်ယောက်ကိုကြည့်ကာ ဟောင့် စိတ်မရှည်ရေရွတ်မိတော့ ဂျီဝွန်းက ဟောင့်ဘေးနား ဝင်ထိုင်လိုက်ပြီး ဟောင့်ပခုံးကိုဖက်ကာ လက်မောင်းကိုပွတ်ပေးပြီး 'စိတ်ရှည်ပါ ဟောင့် ရာ' ဟု လေပြေလေးနဲ့ပြောနေသည်..။

သားဖြစ်သူကတော့ ဟောင့် စကားကို ဟိုဘက်နားကဝင် ဒီဘက်နားထွက် လေတိုးသလိုသာ ခံစားလိုက်ပုံပင်.. သူ့ဘာသာ အင်္ကျီရွေးခြင်းအမှုကိုသာ ဆက်လက်လုပ်ဆောင်နေသည်..။

" မင်း သား ကို ထားခဲ့လိုက်တော့... ငါ ဗိုက်ဆာနေပြီး တစ်ခုခု သွားစားကြရအောင်.. "

ဖိနပ် တစ်ရံပြီး တစ်ရံ ဝတ်လိုက် ချွတ်လိုက်လုပ်နေသည့် သားတော်မောင်ကို ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး ရုတ်တရက်မတ်တတ်ရပ်လိုက်ပြီး ဂျီဝွန်းလက်မောင်းကို ပါ ဆွဲမကာ ပြောလိုက်တော့သည်..။

" အင်း.. အင်း... ဂယူ ...ရော့... ကဒ် ယူထားလိုက်... ဒယ်ဒီ နဲ့ပါး အောက်ထပ်က ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာစားရင်းစောင့်နေမယ်... စားချင်တာရှိရင် ဒယ်ဒီ့ကိုဖုန်းဆက်ပြော.. ဟုတ်ပြီလား.."

End PointTahanan ng mga kuwento. Tumuklas ngayon