Present>>>>>>>>>>>>>>>>
>>>>>>>>>>>>>>> Past
" ဒဏ်ရာ အရမ်းများလား.."
1.4 ပုံမှန်သတိပြန်ဝင်လာတဲ့အချိန် ဆေးပေးခန်းရောက်နေပြီးဖြစ်ကာ သူ့ကို ဆွဲထူပေးသည့် 2.5 လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ခန္ဓာကိုယ် ကိုအပေါ် အောက် စစ်ဆေးသလိုကြည့်ကာ မေးလိုက်သည်..။
" အရူး... အဲ့ဒါ 2.8 ကို မေးရမှာ..."
ဆေးပေးခန်းအဝင်ဝမှာ နံရံကိုမှီရင်း လက်ပိုက်ရပ်ကာ 1.4 ကို ဂျိုကြည့် ကြည့်နေသည့် ၁၀ နှစ်သား 2.0 က သူ့ ကုတင်တစ်ဖက်ကို မေးငေါ့ ပြကာ မာမာထန်ထန် ပြောလာသည်။
2.8 ကိုကြည့်တော့လည်ပင်းတစ်ဝိုက်မှာ နီရဲနေသည့်အရာကြီးက အထင်းသား.. 1.3 က ထိုနေရာကို လိမ်းဆေး လိမ်းပေးနေတာမို့ 1.4 တို့ကို ကျောပေးထားသည်..။
၁၁ နှစ်အရွယ်သာရှိသေးသည့် 2.8 က သွားဖြဲလေးနဲ့ 1.4 ကိုလှမ်းရယ်ပြပြီး 'တောင်းပန်ပါတယ်' လို့ ပြောလာတော့ 1.4 မျက်ခုံးတွေပင့် တတ်သွားသည်..။
ဒဏ်ရာရနေသည့် 2.8 က 1.4 ကို' တောင်းပန်စကားဆိုသတဲ့လား' ..။ ၁၅ နှစ်အရွယ်ရောက်နေပြီဖြစ်သည့်တိုင် 1.4 ဘဝမှာ မှားမှား မှန်မှန် ကိုယ်ဘက်ကတောင်းပန်တာမျိုးမရှိခဲ့ဖူးဘူး..။ သူမှ မဟုတ်ပါဘူး ဒီက ကလေးတွေတော်တော်များများက 'တောင်းပန်ပါတယ်' ဆိုတဲ့စကားကို ဘယ်သူမှ အကျွမ်းဝင်နေခဲ့ခြင်းမရှိ..။
" မင်းလည်း အရူး.."
2.0 က 2.8 ဘက်ကိုလှည့်ကာ အော်ဟောက်လိုက်ပြီးသည်နှင့် ဆေးပေးခန်းကနေထွက်သွားတော့သည်..။
" ငါ တိုက်လိုက်လို့ 2.5 လက် ဓားရှသွားတာပါ.."
2.8 က မျက်နှာငယ်လေးနဲ့ ပြောပြရှာသည်..။
"1.4 .. 2.8 ကို သူ ထိခိုက်အောင်လုပ်ခဲ့သလို မင်းလည်း သူ့ ကို လည်ပင်းအစ်အောင် လုပ်ခဲ့တယ်လေ.. ကြေပြီလို့ သဘောထားလိုက်"
1.3 ရဲ့ အမူအကျင့်အတိုင်းပင် ချက်ကျလက်ကျ ပြောလာပြီး 2.8 လက်ကိုဆွဲကာ ဆေးပေးခန်းကနေ ထွက်သွားတော့သည်..။ 2.8 ကတော့ လူကအပြင်ရောက်နေတာတောင် ' 2.5 မနက်ဖြန်တွေ့မယ်' နှင့် ' တောင်းပန်ပါတယ်' ဆိုတာကို ရအောင် အော်ပြောသွားသေးသည်..။
YOU ARE READING
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...