3. ကို မင်း နဲ့ အခန်းခွဲပြီး မအိပ်နိုင်ဘူး
မဒမ် ပတ် တို့ချမ်းသာလာပြီးတဲ့နောက်မှာ ၄ လွှာရှိတဲ့ စံအိမ် ကြီးက သူတို့မိသားစုအတွက် ဖြစ်တည်လာသည်...နာမည်တွေလည်းရှိလာသလို.. လိုချင်တာ ရနိုင်လာသလို မပူပန် မကြောင့်ကြနေနေရသည်..။ ထိုအရာကပင် ဘင်း ကို မပျော်ရွှင်အောင် ဖန်တီးပေးနေသည်..။
သားယောက်ျားလေးများ မွေးထားလို့ လူပျိုဖော်ဝင်စ ယောက်ျားလေးတွေအကြောင်း သူမ မသင်ပေးနိုင်ဘူး ဟုဆိုတာ လေးယောက်လုံးကို ဂုတ်ကဆွဲပြီး ဆရာဝန်တွေရဲ့ ဆွေးနွေးတိုင်ပင်ခန်းသို့ မဖြစ်မနေ ပို့လေသည်..။
သူမ ရဲ့ အဓိက မြားဦးက ဘင်း နဲ့ မက်သရူး ကိုဖြစ်နိုင်သည်..။ ဆရာဝန်တွေပြောတဲ့ Sex education သင်ခန်းစာပြီးတဲ့နောက်မှာတော ဘင်း နဲ့ မက်သရူး တို့က အသက်မပြည့်သေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခန်းခွဲ နေလိုက်ရတော့သည်..။
အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာသိပ္ပံ ညကျောင်းတတ်နေသည့် ဘင်း က တစ်ရက်နှစ်ရက်တော့ စာတွေလုပ်နေရလို့ အိပ်မပျော်တာကို သည်းခံထားနိုင်သည့်တိုင် ရက်ဆက်လာတဲ့အခါ နေမထိ ထိုင်မသာ ဖြစ်လာတော့သည်.။
သူတို့က ဟိုးအရင် 1.3 နဲ့ 2.8 အခန်းဖော် စဖြစ်ကတည်းက ကုတင်ချင်းတောင် ကပ်ပြီး အတူအိပ်လာတာမို့ တခြား ကျူးကျော်မှုတွေကိုတားမြစ်သည့်တိုင် မက်သရူး ကိုတော့ ဖက်အိပ်ရမှ ဘင်း အိပ်ပျော်ပေလိမ့်မည်..။
မက်သရူး အခန်းက သူ ဝင်သွားတော့ မက်သရူး ကအိပ်ပျော်နေပြီ မက်သရူး ဘေးနား ဝင်တိုးအိပ်ပြီး မက်သရူး ကိုယ်လေးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိလို့ထင်သည့် မက်သရူး ရဲ့ 'ကိုကို' ခေါ်သံသေးသေးလေးက နားထဲရိုက်ခတ်လို့လာသည်..။
" မင်း ကတော့ အိပ်ပျော်နိုင်တယ်နော်..."
ခပ်ပျော့ပျော့ ရှန်ပူအနံ့ ကို ဆံသားညှိုညှိုထက်ကနေ ဘင်း ရနေပြီး သူ့ခေါင်းကိုအနည်းငယ်ထပ် ငုံ့ကိုင်းလိုက်တဲ့အချိန်မှာ မက်သရူး ရဲ့လည်တိုင်ကျော့ကျော့ကနေ လွမ်းနေရတဲ့ ကိုယ်သင်းရနံ့ က သူ့ရဲ့ စိတ်အစဉ်ကို အတန်ငယ်ကြည်လင်လို့လာစေသည်...။ သို့တိုင်အောင် မကျေနပ်ကိုတော့ ဘင်း ထုတ်ပြောဖြစ်လိုက်သေးသည်..။

BINABASA MO ANG
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...