Ep - 39

508 58 233
                                    


"ဒါက..........."

တံတိုင်းအမြင့်ကြီးရှိသည့် အဆောက်အဦးကိုကြည့်ပြီး ထယ်ရယ် မှင်သက်နေမိသည်...။

ထိုနေရာ မုဒ်ဦးတွင် Start Point ဟုနာမည်ရေးထိုးထားပြီး မိဘမဲ့‌ဂေဟာ အဖြစ် တည်ရှိနေသည်..။

" ဒါက ငါတို့ရဲ့ စမှတ် ဖြစ်တည်ရာ အဆောက်အဦးပဲ.. ငါတို့က လေ့ကျင့်ရေးဌာန လို့ ခေါ်တယ်.. batch အသီးသီးက ကလေးတွေ ၁၆ နှစ်မတိုင်ခင်ထိ နေတဲ့နေရာတစ်ပေါ့.."

ဝန်ကြီးချုပ် အီက ထယ်ရယ့် ကို အဆောက်အဦးအတွင်းက သုတေသနခန်းဘက် လိုက်ပြနေတုန်း ထယ်ရယ့် ကိုရှင်းပြလာသည်..။ မိဘမဲ့ဂေဟာအဖြစ်ပြောင်းလဲ ဖွင့်လိုက်တော့ ဟိုးအရင်ကလို ကလေးတွေကို တကူးတက လိုက်ရှာနေစရာမလိုတော့ဘူးပေါ့..။ ဘယ်လိုတောင် ရက်စက်ယုတ်မာလိုက်သလဲ..။

သုတေသနအခန်းကိုရောက်တော့ ထယ်ရယ် သတိပြုမိတာက သုတေသန အခန်းက ‌အိုဆွေးဟောင်းနွမ်း တာတွေ မရှိသလို ဖုန်တောင် အနည်းအကျဉ်းသာရှိသည်..။ကြည့်ရတာ ထယ်ရယ့် အရှေ့က သုတေသန ဆရာဝန်တချို့ကိုလည်း မက်လုံးပေးပြီး ဖော်မြူလာတွေထုတ်ခိုင်းခဲ့ပုံရသည်..။ ချွတ်ဆေးအနံ့က အခန်းထဲဝင်လာသည်နှင့် နှာခေါင်းထဲတိုးဝင်လာတာရယ်.. အရောင်မတူညီသည့် ကြမ်းပြင်တွေကိုကြည့်ပြီး ရှုံးနိမ့်သည့် သုတေသန ဆရာဝန်တိုင်း ထိုနေရာတွင် ဘဝနိဂုံးချုပ်ကြရသည်ဆိုတာ အထင်အရှားပြသနေသည်။

ထယ်ရယ် လိုအပ်သည်များကို ထုတ်ယူနေပြီး သုတေသနအခန်းကို အနည်းငယ်ရှင်းလင်းနေလိုက်သည်..။ ဝန်ကြီးချုပ် အီ က သူ့လူတချို့ကိုခေါ်ပြီး သုတေသန အခန်းကို ရှင်းဖို့တာဝန်ပေးတော့ လူ နှစ်ယောက် က လာပြီး သုတေသနအခန်းကို ရှင်းလင်းပေးနေသည်။

" သိချင်တာရှိတယ်... ခင်ဗျားတို့ မွေးထားတဲ့ batch တွေက ကလေးတွေကို မွေးစားဖို့ မပို့ခဲ့ဖူးဘူး မဟုတ်လား ဒီအတိုင်း HDNA ဖော်မြူလာတွေကိုပဲရောင်းစားခဲ့တာ မဟုတ်လား.."

"အင်း ဟုတ်တယ်...အဲ့ဒါက ဝယ်လက် ရရင် အကျိုးအမြတ်မနည်းပေမဲ့ ငါ က အဲ့ဒါကိုသဘောမကျဘူး.. ငါက လူ့စွမ်းအားအရင်းအမြစ် ပျံ့နှံ့မှုမြန်တာမျိုးကို လိုချင်တာ.. အသက်အရွယ်တစ်ခုရောက်ပြီးသား ကလေးတွေကို ပုံစံပြောင်းတဲ့နေရာမှာ သုံးမယ့် ဖော်မြူလာကို လိုချင်တာပေါ့.."

End PointWhere stories live. Discover now