Ep - 4

511 71 3
                                    

"အယ်...ထားတော့...ကျွန်တော်..အရှုံးပေးပြီ...အစ်ကို ထယ်ရယ် နဲ့တော့ ကျွန်တော် စကားပြိုင်မပြောနိုင်တော့ဘူး..ရုပ်သိမ်းတယ်...အစ်ကို ထယ်ရယ် ကို ငတုံးလို့ခေါ်ခဲ့တာကို ရုပ်သိမ်းတယ်... ရပြီလား"

"မင်း သိရင်ပြီးတာပဲ...မင်းသိဖို့ပဲ လိုတာ..နားလည်လား..ဟွင်းဟွင်း...ခေါင်းဆောင် ဘင်း ပြီးရင်.. ပင်လယ်ပြာမှာ ငါအကြီးဆုံးပဲ"

"အမ်း...ဟုတ်မှာပါ"

ယူဂျင်းက မဲ့ကာရွဲ့ကာပြောရင်း ဟန်ဘင်း ထံအကြည့်ရောက်သွားတော့ အနားက ထယ်ရယ် ကိုတံတောင်နဲ့တို့ကာ ဟန်ဘင်း ဘက်ကို မေးငေါ့ပြလိုက်သည်။ သူတို့ခေါင်းဆောင်သည် မေးထောက်ပြီး  အဝေးတစ်နေရာသို့စူးစိုက်ကာ မလှုပ်မယှက်ကြည့်နေသည်။တစ်ခုခုကို စျာန်ဝင်စားနေတယ်လို့တောင် ထင်ရသည်။

"ငါ အရမ်း တုံးလို့.. ငါတို့ခေါင်းဆောင် ဘင်း စိတ်လေသွားတာလား ကွာ"

ထယ်ရယ်က မျက်နှာငယ်လေးနဲ့ ယူဂျင်း နားကပ်ကာ ခပ်တိုးတိုးပြောလိုက်တော့ ယူဂျင်းက ပြတ်သားသောအမူအရာနှင့် ခေါင်းကို ချက်ခြင်း ညိမ့်ပြသည်။

ငါမနိုင်မှသားလေး...နည်းနည်းဟန်ဆောင်ပန်ဆောင်လုပ်ပါဦးလား...ချက်ချင်းကို လက်ခံပစ်ရသလားဟေ။

ထယ်ရယ် သံပုရာသီး ၅လုံးလောက်ဝါးစားထားသည့် ပုံနဲ့ ယူဂျင်း ဇတ်ပိုးကို အားမပါတပါ ရိုက်ချပစ်လိုက်တော့သည်။

"ခေါင်းဆောင် ဘင်း ....ခေါင်းဆောင် ဘင်း "

ယူဂျင်း က အတွေးလွန်နေသည့် ဟန်ဘင်း မျက်နှာရှေ့မှာ လက်နှစ်ဖက်ဝေ့ရမ်းကာ ပါးစပ်ကလည်း သူ့ကိုခေါ်နေတော့မှ ဟန်ဘင်း အတွေးတို့သည် ရပ်တန့်သွားတော့သည်။

"ဟင်...အင်း...ဘာလဲ..ယူဂျင်း "

ဟန်ဘင်း ကိုယ်ကိုတည့်တည့်မတ်မတ်ပြန်ထိုင်ကာ သူ့ရှေ့ကနှစ်ယောက်ကိုကြည့်မိတော့ သူ့ကို ပြူးကြည့်နေကြတာကြောင့် သူမေးခွန်းထုတ်မေးရတော့သည်။

"ဘာမှမဟုတ်ဘူး..ခေါင်းဆောင်..ကမလှုပ်မယှက်ကြီးဖြစ်နေတော့..ကျွန်တော်တို့က ငုတ်တုတ်ကြီး သတိလစ်နေတယ်ထင်လို့"

End PointWhere stories live. Discover now