Ep - 9

535 68 21
                                        


ထိုသူကား...မက်သရူး.....။

ဟန်ဘင်း အခုမှပင် သက်ပြင်းချနိုင်တော့သည်

Alamak! Gambar ini tidak mengikut garis panduan kandungan kami. Untuk meneruskan penerbitan, sila buang atau muat naik gambar lain.

ဟန်ဘင်း အခုမှပင် သက်ပြင်းချနိုင်တော့သည်...ဇာတ်လမ်းတွေထဲကလို ရဲကနောက်ဆုံးမှ ရောက်လာသလိုပေါ့။ နဖူးထက်တွင် ချွေးများတွဲလွဲခိုနေကာ  ပြင်းပြင်းထန်ထန် အသက်ကို လုရှူနေရ သည့် မက်သရူး ဟာ သူနဲ့အတူအောက်ဆီဂျင်ဘူးပါဆွဲလာပြီး အပြေးတပိုင်းလာခဲ့ပုံပင်..။

"'အောက်ဆီဂျင်ဘူးယူလာပြီး..ဘယ်လိုသက်သေပြမှာလဲ မက်သရူး"

ဟိုဂျောင်က နားမလည်စွာမေးလာသည်။ 

"ရှင်းရှင်းလေးပါ...အဲဒီအောက်ဆီဂျင်ဘူးက ဂီဝန်းကိုသတ်လိုက်တဲ့တရားခံပေါ့... အာ...အဲ့ဒီလိုပြောလို့မရဘူး..ကြံရာပါပေါ့..."

"ဘင်း..မင်းတို့ ငါ့ ကိုသက်သက်မဲ့ ကစားနေတာလား..ဒါမဟုတ်မင်းအပြစ်တွေ ဖုံးချင်လို့တမင်ဉာဏ်ဆင်နေတာလား.."

ဘာမှန်းနားလည်နေရက်နဲ့ မိုဂျီဂျူးဟာ သရုပ်ဆောင် ပီပြင်ဖို့ စကားလုံးလှလှတွေနဲ့ သရုပ်မှန်ကို ဖုံးဖိချင်နေတုန်း...။

အောက်ဆီဂျင်ဟာအသက်ရှင်သန်ဖို့ကူညီထောက်ပံ့တဲ့အရာတစ်ခုဖြစ်နေလင့်စကား ထိုအရာကို ဟန်ဘင်း က လူသတ်လက်နက်တစ်ခုအဖြစ်စွဲချက်တင်နေသည်မှာစိတ်မရှည်တတ်သည့် ဟိုဂျောင် အဖို့တော့ သက်သက်မဲ့အချိန်ဖြုန်းနေခြင်းလို့ပဲထင်စေနိုင်သည်။

" ဘင်း ..မင်းသေချာလို့လား.."

ပတ်အင်ဟာက ရဲ့အမေးကို ဟန်ဘင်း ခေါင်းညိမ့်ပြကာ မိုဂျီဂျူးကိုဘက်ငဲ့စောင်းကြည့်လိုက်သည်။

" ဂီဝန်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ရှုမိလို့သေတာ.. ငါတို့တိုက်ကတည်းက ဂီဝန်းမှာအဆုပ်က သိပ်အခြေအနေ မမှန်ဘူးဆိုတာရိပ်မိခဲ့တယ်...ဒါက zinc ကြောင့်လို့ သတင်းတွေလွှင့်ထားတယ်.. အမှန်တကယ်လည်း သူအဆုပ်မကောင်းတာ..zinc ကြောင့်ပဲ.. ဂီဝန်းကငယ်ငယ်ကအစားအသောက် ပုံစံမမျှတခဲ့တာဖြစ်ဖြစ်..zinc ဓာတ်ပါတဲ့ဟာကိုလိုတာထက် ပိုပြီးစားသောက်ပြီး နေလာခဲ့ပုံရတယ်"

End PointTempat di mana cerita hidup. Terokai sekarang