Ep - 31

549 61 180
                                    


ထောင်ခါချိန် အမဲလိုက်ပွဲ ဒုတိယနေ့..........။

5:30 AM

ခေါင်းဆောင် ဘင်း တစ်ယောက် ကောက်ရစ်ဒါ ထွက်ပြီး နီကိုတင်း ကိုအဖော်ပြုနေတာ ဆေးလိပ် ဘယ်နှလိပ်ရှိနေမှန်းတောင် မသိတော့...။

ပင်လယ်ပြာငရဲ ခေါင်း‌ဆောင် ဘင်း ရဲ့ တရားလွန် အေးဆေးတည်ငြိမ်နေမှုကြီးက အားလုံးရဲ့ စိတ်အာရုံကို သတိကြီးကြီးထားဖို့ နှိုးဆော်နေသယောင်..။

ဆောင်းဝင်လာလို့ပဲလား...။ ခေါင်းဆောင် ဘင်း ရဲ့အေးစက်မှုတွေကြောင်းလည်းမပြောတတ်..ဒီနေ့ဟာ မနေ့ညနေကထက် အေးစိမ့်စိမ့် နိုင်လှသည်..။

စွန်ရဲလို စူးရှသည့် မျက်ဝန်းပေါင်းများစွာက ခေါင်းဆောင် ဘင်း ရဲ့ စီးကရက် ရှိုက်နေတာကို ရှုထောင့်ပေါင်းစုံကနေ စောင့်ကြည့်နေကြတုန်း...။

" ကျွန်တော်တို့ က သိချင်တာ သိရပြီဆိုတော့ 2.5 ရဲ့မှန်အကျဉ်းထောင် တံခါး ဖွင့် ဖို့ ဘယ်လိုနည်းလမ်းသုံးမှာလဲ..ဒေါက်တာ ဂင်မ် "

ထောင်မှူးချုပ်ကြီးက ထယ်ရယ့် ကို တလေးတစားပင်မေးလာတော့ ဒါရိုက်တာ ယူဂန်းဆော့ က မျက်လုံးပင့်ကာ ကော်ရစ်တာတွင် ပေါ်ပေါ်ထင်ထင်ရပ်နေပြီး ဖြစ်တဲ့ ထယ်ရယ့် ကို ကြည့်လိုက်သည်..။

ပတ်အင်ဟာ ပါးစပ်ကအမြဲဆဲရေးနေသည့် ကြွက်စုတ်လို ကောင်စုတ်လေးက အခု သူ့ကိုယ်သူ ဒီထောင်တစ်ခုလုံးမှာ စံမြန်းနေသည့် ဘုရင်တစ်ပါးလို ပြုမူနေသည် မဟုတ်လား..။ ရယ်ရယ်မောမော နဲ့ ရင်ကို အပ်သေးသေးလေးတွေနဲ့ စိုက်သလို စူးခနဲနာကျင်အောင် တုံ့ပြန်တတ်မှုက မြင်ရသူတိုင်းကို ဒေါသထွက်စေသည်..။

" 1.3 ကိုချော့မေးကြည့်ပေါ့... နေစမ်းပါဦး.. ခင်ဗျားတို့ ကျွန်တော့်ကို ချီးကအစ သေးကအစ ခိုင်းမှာတော့ မဟုတ်ပါဘူးနော်.. ဒီမှာ ဒါရိုက်တာ ဆော့ တစ်ယောက်လုံး ရှိနေသေးတာ.. သူလည်း နည်းနည်းပါးပါး တာဝန်ယူသင့်တယ်လေ.. အခု ကျွန်တော့် ခြေ ကျွန်တော့် လက်နဲ့ 1.3 ကို ဖော်ထုတ်လိုက်ရတယ်.. အဲ့ဒီ အချိန် ခင်ဗျားတို့ ဘာလုပ်နေလဲ... ဘီယာသောက်နေကြတယ် မဟုတ်ဘူးလား.. စိတ်ဆိုးစရာကောင်းလိုက်တာ... ဘယ်မလဲ ကျွန်တော့် အတွက် ဝေစု.. ကျွန်တော် လည်း ဘီယာ သောက်ချင်တယ်လေ..."

End PointWhere stories live. Discover now