Ep - 34

512 63 158
                                    

ယူဂျင်း အိပ်ပျော်နေသည့် ဂယူ့ဘေးနာထိုင်ရင်း ဂယူ့နေခဲ့ရသည့် ဘဝကို တကယ်စာနာနေမိသည်..။ ဘယ်လောက်ထိတောင် ကလေးက မွန်းကြပ်ပြီးခက်ခဲတဲ့အခြေအနေကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရသနည်း..။

*flash back*

" အားးးးးးး"

မြင်လိုက်ရသည့် မြင်ကွင်းက ဂယူ မပြောနဲ့ သူတောင် သွေးပျက်ချင်စရာ....။ ဂယူ မျက်နှာကိုမမြင်ရသည်နိုင် ဂယူ့ ဟာအရမ်းကို နာနာကျည်းကျည်းနဲ့ကို အော်ဟစ်နေတာပင်..။ လူသေတာစစ်ဆေးမည့် ဆရာဝန်တွေတောင် စုဝေးကွင်းထဲ ဝင်မလာရဲ‌သေး..။ ထောင်သားတွေကလည်း ပစ်မှတ်သားကောင်သေသွားတာရယ် ဂယူ စိတ်ဖောက်နေတာရယ်ကြောင့် ဝေးဝေးကို ရှောင်သွားကြကုန်သည်..။

" ပတ်အင်ဟာ... ပတ်အင်ဟာ.. သတ်ပစ်မှာ... သတ်ပစ်မှာ..."

ဂယူ က ဟိုဂျောင့်အလောင်းကိုချကာ ခြေလှမ်းတွေက ပတ်အင်ဟာဆီ ဦးတည်သွားနေကာ အရူးတစ်ယောက်ကို အော်ဟစ်နေသည်..။ ပတ်အင်ဟာ ကြောက်ကြောက်လန့်လန့်ဖြင့်နောက်ဆုတ်ကာ အဆောင်အတွင်းပြေးဝင်သွားတော့ ဂယူ ပြေးလိုက်မယ်ဟန်ပြင်တော့ ခေါင်း‌ဆောင် ဘင်း က ဂယူ အင်္ကျီ ဂုတ်ကို လှမ်းဆွဲထားတာကြောင့် ဂယူ့ခြေလှမ်းတွေရပ်တန့်သွားရသည်..။

" ဖယ်.....လွှတ်... မဟုတ်ရင် ခင်ဗျားကို ပါ သတ်မှာ..."

" ဂယူ စိတ်ထိန်းစမ်း.. ငါ လက်မပါချင်ဘူးနော်... စိတ်ကိုထိန်း..."

" လွှတ် !!!!!!! အကုန်သတ်ပစ်မှာ.. "

ဂယူ က ခေါင်းဆောင် ဘင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆောင့်တွန်းကာ ပတ်အင်ဟာ နောက်ကို ထပ်လိုက်ဖို့ကြိုးစားပြန်သည်..။ ခေါင်းဆောင် ဘင်း ဂယူ ဒကောက်ကွေးကို သိပ်အားမထည့်ဘဲကန်လိုက်တော့ ဂယူက မြေကြီးပေါ် မှောက်လျက်လဲကျသွားတော့သည်..။

"ဂယူ...!!.. ခေါင်းဆောင် ဘင်း မရိုက်ပါနဲ့တော့..."

ယူဂျင်း အော်ပြောရင်း ပြေးဝင်လာတာကြောင့် ခေါင်း‌ဆောင် ဘင်း က ကုန်းရုန်းပြန်ထနေသည့် ဂယူ ကို မေ့ကြော ရိုက်ထည့်ဖို့လုပ်နေသည့်လက်ကိုပြန်ရုတ်လိုက်ရတော့သည်..။ အင်္ကျီ ဂုတ်ကိုသာ ဆွဲမကာ မတ်တတ်ရပ်နိုင်အောင် ကူညီပေးလိုက်သည်..။

End PointWhere stories live. Discover now