Ep - 8

510 61 3
                                    

မိမိနာမည်ကိုရည်ညွှန်းခေါ်သံကြောင့် ကြည့်မိတော့..ထိုအသံပိုင်ရှင်က မိုဂျီဂျူး..။

"ဘာလဲ..."

အကွက်ရွေ့တာသိပ်မြန်နေသည့် ဂျီဂျူးကို ဟန်ဘင်း ဘာစကားအပိုမှသိပ်ပြောစရာမရှိလို့ မျက်ခုံးတစ်ချက်ပင့်ကာ မေးလိုက်သည်။

"မင်း..မြက်ခင်းစိမ်းအဆောင် စစ်ဆေးရေးအခန်းကို လိုက်ခဲ့ရမယ်..ဟေ့ကောင်တွေ !..သူကိုဖမ်းလာခဲ့ ! "

အနားကပ်ကာ မိမိလက်မောင်းတွေကို ဖမ်းချုပ်ရန် ချဉ်းကပ်လာသည့် သကောင့်သားတွေ အနားရောက်လာတော့မှ သူခပ်ဖြည်းဖြည်း ထရပ်လိုက်သည်။ကိုယ်ကိုတိုင် ထရပ်လိုက်သည်မို့ သူတို့ခြေလှမ်းတွေလည်း တန့်ကာ ရှိန်သွားပုံရသည်။

"ဒီထောင်ကြီးကနေ ငါပြေးနိုင်မယ်ထင်နေတာလား...ဟက်..မိုဂျီဂျူး မင်းငါ့ကိုသိပ်အထင်ကြီး လွန်းနေပြီ...ဖယ် !...ငါဟာငါသွားမယ်.."

ဟန်ဘင်း လိမ္မော်ရောင်မုန်တိုင်းဆောင်က လူတွေရဲ့ ပခုံးတွေကို တမင်ဝင်တိုက်ရင်း ဖြတ်လျှောက် သွားလိုက်သည်။

ဟန်ဘင်း ဆိုတဲ့ကောင်ကို ဘယ်သူမှလာစိုးမိုးလို့မရဘူးဆိုတာ ..ဒီကောင် အခုထိမသိသေးတာလား... အာ...အခုထိမေ့နေတာက..မက်သရူး ရဲ့ စကား အတိုင်းစစ်ဆေးဖို့သူတို့ကိုမှာခဲ့ရဦးမယ်..မဟုတ်လား။

"မက်သရူး !.....ခုနကမင်းပြောတဲ့အတိုင်း..ဆက်လုပ်ထားလိုက်"

မက်သရူး ကိုသာ သမင်လည်ပြန်လှည့် စူးစိုက် ကြည့်ရင်းပြောလိုက်တော့..မက်သရူးက ချက်ချင်းကို ခေါင်းညိတ်ပြလာသည်။အခုချိန်မှာ မက်သရူး က အခုမှသူတို့ဆီရောက်လာသည့် သူ ဖြစ်နေသေးသော်လည်း..တပည့်ကျော် ၂ကောင်ထက် သူ အားကိုးနေမိသည်။

~~ငါ့ ရဲ့ အသက်က.. အခု မင်းလက်ထဲမှာပဲ..မက်သရူး ~~~

သူတွေးနေရင်း တွေ့လိုက်ရသည့် မက်သရူး ရဲ့ မျက်ဝန်းတွေက နားလည်သယောင်အရိပ်ပြနေသည်မို့ ဘာမှထပ်မတွေးတော့ဘဲ.. လိမ္မော်ရောင်မုန်တိုင်းဆောင်က လူတွေနဲ့အတူလိုက်သွားလိုက်တော့သည်။

End PointWhere stories live. Discover now