" ကိုကို !! "
စိတ်မရှည်မှုတွေ ရောယှက်နေသည့် စိတ်ရှုပ်သံနဲ့ First warning ပေးလာတဲ့ မက်သရူး ကြောင့် ဟန်ဘင်း သူ့ လက်တွေကို မက်သရူး အင်္ကျီအောက်ထဲကနေ ခပ်မြန်မြန် ထုတ်လိုက်ကာ မက်သရူး ခါးပေါ်သာ အသာ တင်ထားလိုက်တော့သည်..။
" ပြောလေ.. ခုနကမေးထားတာ..ယူဂျင်း ကို အမှန်တွေ ပြောပြလိုက်ရမလားဆိုတာ.. ကိုကိုလည်း အာ့ ကလေးကို ယုံတယ်မဟုတ်လား.."
" ကို ယုံတယ်လို့မပြောမိပါဘူး ဟန်နီရယ်... အခုရောက်နေတာ ထောင် နော် ဟန်နီ ဂွန်းနု ကို ယဉ်ကျေးအောင် သင်ပေးနေကြ အိမ်မဟုတ်ဘူး.. နည်းနည်းသတိကပ်စမ်းပါ..."
ဟန်ဘင်း က မက်သရူး ခါးပေါ်တင်ထားသည့်လက်ကို ပခုံးပေါ်ပြောင်းကိုင်ကာ ကိုင်လှုပ်ရင်း သတိထားဖို့တဖွဖွပြောဆိုနေသည်..။ မတရား လူသားဆန်လွန်းသည် မက်သရူး ကြောင့် တစ်ခါတလေ ဂွန်းနုပါ အရမ်း ဖြူစင်ပြီး တုံးအသွားမှာတောင် ဟန်ဘင်း ကြောက်ရသည်..။
" ဂွန်းနု ဆိုလို့ ဂွန်းနုဂီ အဆင်မှပြေရဲ့လားမသိဘူးနော်..ကိုကို... ၃ နှစ်တောင်ရှိသွားပြီ ရစ်ခီနဲ့ သူ နေနေရတာ.. မား ဆီ ထားခဲ့ပြီးရော ကိုကို ရာ..."
မက်သရူး က စိတ်ပူပန်စွာပြောလာပေမယ့် ဟန်ဘင်းကတော့ သူ့အတွေးနဲ့သူ ချထားခဲ့သည့် plan မို့ မက်သရူး ကို ဘာမှထွေထွေထူးထူး ထပ်ရှင်းပြမနေတော့..'အဆင်ပြေမှာပါ' ဟုသာ ပြောရင်း နှစ်သိမ့်ပေးလိုက်သည်။
" မသိတော့ဘူး... မနက်ဖြန် ကိုကို စိုက်ကွက်သွားရင် ယူဂျင်း ကို ခေါ်မသွားနဲ့ .. ဟန်နီ နည်းနည်းပါးပါး အရိပ်အမြွတ်တော့ ပြောပြထားမယ်.. သူလည်း ကလေးသာသာပဲဟာ... "
စိုးရိမ်နေပုံပေါက်နေသည့် မက်သရူး ကြောင့် ဟန်ဘင်း ခေါင်းညိတ်ကာ လက်ခံလိုက်တော့သည်..။ ပြီးတော့ မက်သရူး ဘေးနားက ထသွားကာ အိပ်ရာပေါ် သွားလှဲနေရင် နဖူးပေါ်လက်တင်ကာ စဉ်းစားခန်းဖွင့်နေမိသည်..။
" ကိုကို နိုင် နိုင်ချေ ရှိလား..?"
မက်သရူး က သူ့နောက်လိုက်လာပြီး သူ့ဘေးနားဝင်လှဲကာ သူ့ ရင်ဘတ်ပေါ် မေးတင်ရင်း မေးလိုက်သည်..။ ဟန်ဘင်း အဖြေစဉ်းစားနေချိန် မက်သရူး က သူ့ကတွန့်ရှုံ့နေသည့် နဖူးကြောတို့ကို လက်ညှိုးနဲ့ ပြေသွားအောင် ပွတ်ဖိပေးနေသည်..။

ESTÁS LEYENDO
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...