Ep - 0

1.6K 107 12
                                        

အနီရောင်မီးနဲ့အတူအချက်ပေးသံတို့ ညံစီစွာထွက်လာပြီးသည်နောက် အဖြူရောင်တွေဖွေးလှုပ်စွာ ကွင်းပြင်ကျယ်ထဲ လူပင်လယ်ကြီး ဖြစ်လို့သွားတော့သည်။


*Code Green  *Code Green  *Code Green  *Code Green


တာဝန်ရှိသူ တချို့ကိုင်ဆောင်ထားသည့် walkie-talkie များမှအသံများထွက်လာသည့်နှင့် ထိုလူသားများသည်လည်း ထိုစုဝေးရပ်ကွင်းပြင်ထဲသို့ အလျှိုလျှိုရောက်ရှိလာတော့သည်..။


ကွင်းရဲ့အလယ်ဗဟိုတွင်တော့ လက်ဗလာ..ခြေဗလာနှင့် တိုက်ခိုက်နေသည့် လူနှစ်ဦးရှိနှင့်နေပြီးသားပင်။ ထိုလူနှစ်ယောက်အား အလယ်ဗဟိုချက်ထားပြီး ပေ၂၀ အကွာလောက်တွင်စက်ဝိုင်းပုံလူများဝိုင်းဖွဲ့ကာ လက်သီးလက်မောင်းတန်းအော်ဟစ်ကာ ထိုတိုက်ခိုက်ခြင်းအမှုကို အားပေးနေသည်။


ထိုနေရာရှိ တာဝန်ရှိသူများသည်လည်း Code green မို့ဝင်ရောက်ဖျန်ဖြေခြင်းမပြုဘဲ..ထိုသူများကပါ စိတ်ပါလက်ဖြင့် ထိုရန်ပွဲကိုစောင့်ကြည့်နေကြပြန်သည်။ Death Land (မရဏဘုံ) အမည်ရ ထိုအကျဉ်းထောင်မှထောင်စောင့်များ၏ ဖျော်ဖြေရေးတစ်ရပ်လို့ဆိုရင်လည်း မမှားနိုင်။ထိုအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ထောင်ဂဏန်းအောက် ရှိတတ်ပြီး အသက်ရှင်လျက်ဖြင့်ထောင်မှထွက်လာနိုင်ခဲ့သူ... မရှိသလောက်ရှားလှသည်။ 


ထွီ~~


ငန်ကျိကျိသွေးတို့ကိုအသံထွက်ကာ ထွေးပစ်ရင်း နှာခေါင်းမှကျဆင်းလာသည့်သွေးတို့ကို လက်ခုံနဲ့တွန်းသုတ်ရင်း မသတီစွာပြုံးကာတစ်ဖက်က လူထွားကျိုင်းကောင်ကို ထိုကောင်လေးကြည့်နေလိုက်သည်။ထိုလူသည်လည်း ဟန်လှသည်တော့မဟုတ် မျက်နှာတစ်ပြင်လုံးယောင်ကိုင်းနေသည့်အပြင် မျက်ခုံးဆက်နားကကွဲကာ သွေးတွေကျနေသည်။ထိုအောက်ကမျက်လုံးသည်လည်း ပိတ်ကျလုနီးနီးဖောင်းကားနေပြီ။


ထိုသည်ကား..လူသစ်အတွက်တော့ဒုတိယအကြိမ်အဖြစ် အဆောင်ဗိုလ်လုခြင်းပင်ဖြစ်သည်။

End PointDonde viven las historias. Descúbrelo ahora