1. "ကိုကို"
ဒီနေ့ ထူးထူးဆန်းဆန်း 1.3 ပြန်လာတဲ့အချိန် အာပြဲနဲ့ငိုတဲ့ ကလေးပိစိအသံကို မကြားရ...။ အခန်းထဲဝင်ကြည့်တော့ ကလေးက ပုခတ်ထဲမှာအိပ်ပျော်နေပြီ... 2.8 လည်း ထိုပုခတ်လေးကို မှီကာ အိပ်ပျော်နေသည်..။ ကြည့်ရတာ ကလေး သိပ် ရင် သူပါ အိပ်ပျော်သွားပုံပင်..။
2.8 ကို ပွေ့ချီပြီး ကုတင်ပေါ်တင်လိုက်ပြီး စောင်လေးကို ဆွဲခြုံပေးလိုက်ကာ သူကိုယ်တိုင်ကတော့ ရေမိုးချိုးရန် အခန်းထဲကထွက်လာလိုက်သည်..။
" ထမင်း စားပြီးပြီလား သား.."
ရေမိုးချိုး အဝတ်စားလဲပြီးတော့ မဒမ် ပတ် ဆီ ဒီနေ့ရလာတဲ့ ပိုက်ဆံသွားပေး တော့.. မဒမ် ပတ် က အသံတိတ်မျက်ရည်ကျပြီး မေးလာတော့ 1.3 ခေါင်းညိတ်ပြလိုက်သည်..။ မဒမ် ပတ် အပြင် လူ လေးယောက်နဲ့ ကလေးတစ်ယောက် ပါးစပ်တစ်ပေါက် ဝန် အား မနည်းလှ..။
1.3 တို့ ကံကောင်းချင်တာလည်း ကံဆိုးချင်လားတော့မသိ.. တလောက ခြံထဲက ပိုတဲ့ အသီးတွေ သွားရောင်းတော့ သူတို့နယ်မြေ ဘာညာ လာပြောပြီး မိုက်ကြေးခွဲနေသည့် လူမိုက်တစ်သိုက်နဲ့ ရန်ဖြစ်ပြီးနောက်ပိုင်း သူ တရားမဝင် ကြိုးဝိုင်းတွေမှာ တိုက်ခိုက်ရင်း ပိုက်ဆံရှာလာနိုင်သည်..။
1.4 က ပါ ထိုကြိုးဝိုင်းထဲဝင်လာသည်မို့ သူတို့ နည်းနည်းချောင်လည်လာသည်လို့ပြောရမည်..။ ကလေးကို ကလေးမီးဖွားပြီးစ အမျိုးသမီးရဲ့နို့ရည်တိုက်ရမည်..။ ဒါကြောင့် 2.8 က သူတို့ခြံနဲ့ခပ်လှမ်းလှမ်းက နှင်းဆီခြံမှာ အလုပ်ကူလုပ်ပေးရင်း ထိုပိုင်ရှင်သူဌေးရဲ့ လတ်တလော မီးဖွားထားသည့် ချွေးမဖြစ်သူထံ ကလေးကို နို့တိုက်ရန် အကူအညီတောင်းထားရသည်..။ သို့သော် မိခင်ရင်း မဟုတ်သည့်အတွက် ကလေးကို အချိန်ပြည့်တော့ နို့တိုက်ဖို့ ခဲယဉ်းပြန်သည်..။
ထို့ကြောင့် ၆ လမပြည့်ခင် မိခင်နို့တစ်မျိုးတည်းသာ တိုက်ရမည့် အချက်လည်း ဖောက်ဖျက်ကာ နို့မှုန့်အကောင်းစားကို ဝယ်ကာ ဖြည့်စွက်တိုက်ရတော့သည်..။
2.0 က ပြောတယ်' သွေးဖောက်တိုက်လို့မှမရတာ .. ဗိုက်ဆာပြီး သေတာထက်စာရင် ကောင်းကောင်းကန်းကန်း နို့မှုန့်သောက်သေတော့လည်း ကောင်းတာပေါ့' တဲ့ မမှားတဲ့ စကား ဖြစ်သည့်တိုင် 2.8 က ငိုလို့ 1.3 က2.0 ကို ဆူပစ်ခဲ့သေးသည်..။
ESTÁS LEYENDO
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...
