Ep - 37 ( အချပ်ပို)

540 69 84
                                    

အချပ်ပို


" ဒါ...ဂယူ့ အခန်းလေ... သဘောကျလား ဂယူ သဘောမကျတာ လိုချင်တာရှိရင် ဘွားဘွားကြီးပြောနော်.."

" ရပါတယ်..ဂယူ က ယူဂျင်းနီး နဲ့အတူ မအိပ်ရဘူးလား.."

မဒမ် ပတ် သူမ ရဲ့ မြေးကြီးလေး ဂယူ ကို အခန်းလိုက်ပြရင်း မှာတမ်း‌ချွေ နေတုန်း ဂယူ က ယူဂျင်း ဆိုသည့် ကလေး ကို ထည့်မေးလာသည်...။

" ယူဂျင်းလေး က ဧည့်သည်တွေ အခန်းမှာရှိတာပေါ့ ဂယူလေး ရဲ့ "

မဒမ် ပတ် က ဂယူ့ လက်ကလေးကို ဆုပ်ကိုင်ပြီး လက်တစ်ဖက်က ဂယူ့ ဆံပင်တွေကို သပ်ပေးရင်း ရှင်းပြနေသည်။

"ဧည့်သည်အခန်း??? အဲ့ဒါက ဂယူ့ လိုအခန်းမျိုး အကြီးကြီး..."

" အင်း.... ဂယူ့ က ဘွားဘွားကြီး မြေး ဒီမိသားစုဝင်ဆိုတော့ သေချာပေါက် အကြီးကြီး လုပ်ပေးတာပေါ့.. ဧည်သည်ဆိုတာက အကြာကြီးမနေဘူးလေ.. ခဏပဲ နေမှာဆိုတော့ ဂယူ့ အခန်းလိုတော့ဘယ်ကြီးပါ့မလဲ.."

" ဂယူ က ယူဂျင်းနီး ကို အကြာကြီး ဂယူ့ နားမှာ နေစေချင်တာ..."

" ဟင်း... ဂယူ က ယူဂျင်းလေးကို ခင်တွယ်တာ ဘွားဘွားကြီး နားလည်ပါတယ်.. ဒါပေမဲ့ ယူဂျင်း လေးက ဂယူ့ အရုပ်ကလေး လည်းမဟုတ်သလို အိမ်မွေးချစ်စရာအကောင်လေးလည်း မဟုတ်ဘူး ဂယူ.. သူ က လူသား လေ.. ယူဂျင်းနီး မှာ ရည်မှန်းချက်တွေရှိချင်ရှိမယ် သွားရမယ့် ပန်းတိုင် အိမ်မက် တွေလည်းရှိနိုင်တယ်.. ဒါကြောင့် ဂယူ က အရမ်းဆွဲထားလို့မရဘူးးး..ယူဂျင်းနီး နာကျင်ရလိမ့်မယ်.. ဂယူ က ယူဂျင်းနီး ကို ဒီမှာ အကြာကြီးနေချင်ရင် ယူဂျင်းနီ ဆန္ဒကို အရင်ဆုံးမေးကြည့်ရမယ်နော်..တကယ်လို့ ယူဂျင်း နီး က ဒီမှာ နေမယ်ဆိုရင်တောင် ဂယူ့ က ဂယူ့ နားမှ အချိန်ပြည့်နေအောင် တောင်းဆိုလို့မရဘူးလေ.."

ဂယူ က မဒမ် ပတ် စကားတွေကို သေသေချာချာ မျက်လုံးအဝိုင်းသားလေးနဲ့နားစိုက်ထောင်နေရှာသည်..။

" ဂယူ သဘော ပေါက်ပြီ..... အင်း... ဟုတ်ကဲ့ ဂယူ နားလည်ပါပြီ ဘွားဘွားကြီး... "

ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေကို ဂယူ ကျင့်သားမရပေမယ့် သူ့နဲ့ရွယ်တူ ကလေးလေး ဖြစ်သည့် ဂွန်းနုဂီ ပြောတာတွေကို ခဏလေး နဲ့ လိုက်အတု ခိုးကာ အသက်ကြီးတဲ့သူကို ဘယ်လို စကားပြောရမလဲဆိုတာ ကျင့်နေပုံပင်..။

End PointOù les histoires vivent. Découvrez maintenant