Ep - 37

541 69 215
                                        


Smart watch ပေါ်က အချိန်ကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရင်း mission လုပ်မယ့် သူတွေရဲ့လက်တွေက အေးစက်လို့နေသည်..။ အမဲလိုက်ဖို့အတွက်တော့ မဟုတ် မှန်အကျဉ်းထောင်တံခါးကို ဖွင့်ရန်အတွက်သာ ဖြစ်သည်..။

သက်ဆိုင်ရာ တံခါးအသီးသီးရှေ့တွင် ရပ်နေရင်း Smart watch ပေါ် ပတ်အင်ဟာ ၏ အမည်ပေါ်လာသည်နှင့် ယူဂျင်း ကစတင်လို့ ခရမ်းရောင်တံခါးကို တစ်ချက်လှည့်ကာ ဖွင့်လိုက်တော့ တံခါးက ပွင့်လာသည်..။

ယူဂျင်း ပြီးသည့်အချိန်တွင် ဂျီဝွန်းက အပြာရောင်တံခါးကို နှစ်ချက် လှည့်ဖွင့်ကာ ဖွင့်လိုက်သည်..။

ဂျီဝွန်း ပြီးသည်နှင့် ထယ်ရယ် က လိမ္မော်ရောင်တံခါကို သုံးချက် လှည့်ကာ ဖွင့်လိုက်ပြန်သည်.. ထိုအထိ အခြေအနေက ငြိမ်သက်နေတုန်းပင်..။

သူတို့တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ကို ဝေါ်ကီတော်ကီကနေ တစ်ဆင့် သတင်းပို့နေရသည်..။ ထိုဝေါ်ကီ တော်ကီ တွေကလည်း ခေါင်းဆောင် ဘင်း ပြန်ပြုပြင်ထားသည့်အတွက် လှိုင်းနှုန်းတစ်ခုတည်းသာ ရှိပြီး မည်သူမှ နားထောင်လို့မရအောင် ဖြတ်တောက်ပေးထားသည့် စက်များဖြစ်တာကြောင့် သူတို့စိတ်ချစွာ အသုံးပြုနိုင်သည်..။

ထိုသို့မဟုတ်လည်း သိပ်တာ့ စိုးရိမ်စရာမရှိ အခု ခေါင်းဆောင် ဘင်း ကြောင့် မည်သူကမှ သူတို့ကို သတိမထားမိ.. အားလုံးက စုဝေးကွင်းအတွင်းသာ အာရုံရနေကြသည်..။

ထယ်ရယ် က သူ့လုပ်ဆောင် ချက်ပြီးဆုံးကြောင်း  ဝေါ်ကီတော်ကီကနေ သတင်းပို့သံအဆုံးမှာ ရစ်ခီ က အဝါရောင်တံခါးကို လေးချက် လှည့်ပြီး ဖွင့်လိုက်သည်..။

ရစ်ခီ က သူ့တာဝန်ပြီးပြီဟု သတင်းပို့သည့် အခါ ဂယူ က အစမ်းရောင်တံခါးကို ငါးချက်လှည့်ကာ ဖွင့်ပြီး လိုက်သည်..။

" တံခါးတွေကို ပြန်ပိတ်လို့မရဘူးနော် ဖွင့်ထား.."

ထယ်ရယ် ကဝေါ်ကီတော်ကီကနေတစ်ဆင့်အားလုံးကို သတိပေးလိုက်သည်..။

" မင်း ဝင်သွားပြီး မင်း ပါးကို ခေါ်ခဲ့တော့ ဂယူ.. မင်း ပါး ထွက်လာရင် မင်းခြေထောက်က စက်ကို ဖြုတ်ပြီး အာရုံခံစနစ်ကို ဖျက်သိမ်းလို့ရပြီမဟုတ်လား.."

End PointWhere stories live. Discover now