8. ဝမ် သန်း ၃၀၀ တန် ခြိမ်းခြောက်မှု
" ငါ့ကို ဖုန်းအသည်းအသန်ဆက်ပြီး အိမ်ပြန်ခေါ်တာ စတော်ဘယ်ရီသီးကျွေး ဖို့ပဲလား...ဟမ်.."
"အာညီးးးးး ဦးငယ်... ဦးငယ်ကို ပြ စရာရှိတယ်..."
ဂွန်းနု က ရစ်ခီ လက်ကို ဆွဲကာ အခန်းတစ်ခုဆီသို့ ဦးတည်ခေါ်သွားလေသည်..။
" ကြည့်.. ကြည့်... ဦးငယ်... အဲ့ဒါ ဟို ပန်းချီကား မဟုတ်လား.."
ဂွန်းနု လက်ညှိုးထိုးပြသည့် ပန်းချီကားကိုမြင်တော့ ရစ်ခီရှန် မျက်လုံးတွေ နှစ်ဆလောက်ပြူးကျယ်သွားသည်..။
ထိုပန်းချီကား နာမည်က Home sick လို့ သူပေးထားခဲ့ဖူးသည်..။ မိုးတွေရွာနေသည့်နေ့က မှန်ပြတင်းကနေ အပြင်ကို ကြည့်ရင်း ဆွဲခဲ့သည့် ပန်းချီကား ..။ထို ပန်းချီ လက်စသတ်ခါနီးမှ တူတောင်မောင် က လက်ကမြင်းကာ ဆေးတွေထဲ သူ့လက်ကို နှစ်လိုက်ပြီးနောက် အဲ့ဒီ ဆေးတွေပေနေသည့် လက်ဖဝါးကို ပန်းချီကားပေါ် ဖိတင်ပစ်ကာ ဖျက်ဆီးပစ်ခဲ့သည်..။ ရစ်ခီရှန် အတွက် ပြပွဲတစ်ခုတွင် လူသစ်တန်းအနေနနဲ့ ပြရောင်းဖို့ရည်ရွယ်ခဲ့သည့် ပန်းချီကား ဟာ ပတ်ဂွန်းနု ကြောင့် အိမ်မက်ဆိုးကြီး ဖြစ်သွားသည်..။
Dead lineကလည်းနောက်ဆုံးရက်မို့ နောက်တစ်ကား ဆွဲဖို့အချိန်လည်း မမီတော့တာကြောင့်.. ဆေးတွေအကုန် မှောက်သွန် ရော ကာ တူတော်မောင် လက်ဖဝါး ကို ဆေးထဲနှစ်ပြီး ပန်းချီကား တစ်ဝက်လောက်နီးပါးကို လက်ဖဝါးရာတွေခြည်းထပ်နေအောင်လုပ်ပစ်လိုက်သည်..။ ပြီးတော့ ကောင်းကင်အရောင်ကို အနက်ပြောင်းကာ.. ထို ပန်းချီကားကို missing ဟု အမည်ပေးကာ အပ်လိုက်ရသည်..။
"... မား အာ့ပန်းချီကားကို လေလံပွဲကနေ ဝမ် သန်း ၃၀၀ တောင်ပေးပြီးဝယ်ခဲ့တာ..."
" အေ့ ! "
" အေ့ ! "
အခန်းထဲ ဝင်လာပြီး ပြောလိုက်သည့် မဒမ် ပတ်စကားကြောင့် တူဝရီးနှစ်ယောက် တပြိုင်နက် ဂျွတ် ထိုးမိသွားပြီးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်..။

YOU ARE READING
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...