ထောင်ခါချိန် ရောက်ရန် ( ၁ ) ရက် အလို.........။
" ဂယူ မနက်ဖြန်ဆို ထောင်ခါချိန် ရောက်ပြီနော်.. မင်း မကြောက်ဘူးလား.."
ယူဂျင်းက ဂယူ ခေါက်ပြီးသား စက္ကူကြိုးကြာငှက်ရုပ် လေးတွေကို ကြိုး နဲ့ သီပေးနေရင်း မေးလိုက်တော့ ဂယူ က ခေါင်းခါပြသည်..။
" ငါ တော့ ကြောက်တယ် ဂယူ... တစ်ယောက်နဲ့တစ်ယောက် ဘာအမုန်း ရန်ကြွေးမှ မရှိဘဲ ဘာကြောင့် သတ်ဖြတ်နေရမှာလဲ..ပုံမှန် ထောင် တွေရဲ့ ထောင်ခါချိန် ဆိုတာ အကျဉ်းသားတွေကို လွှတ်ပေးတာလို့ ငါ ကြားဖူးခဲ့တာ.. "
" အခုလည်း လွှတ်ပေးတာပဲလေ.. လူသေ တွေကို အိမ်ပြန်ပို့ပေးတယ်လေ.. အဲ့ဒါ လွှတ်ပေးတာပဲပေါ့.."
ဂယူ က စိတ်ခံစားချက် လုံးဝရှိမနေသည့် သူလို့ အေးအေးလူလူပင် ယူဂျင်း စကားကို ဖြည့်စွက်ပြောလာသည်..။
" အဲ့ဒီ ပစ်မှတ် သားကောင်ထဲ ငါ ပါလာရင် ငါ ဘယ်လိုမှ အချိန် ၁ နာရီ တောင့်ခံနိုင်မှာ မဟုတ်ဘူး.. ငါ သေမှာပဲ.. ငါ မလွတ်တော့ဘူးဆို မင်း ပဲ ငါ့ ကိုသတ်လိုက်ရင်ကောင်းမယ်.. ပြီးရင် ငါ့ လက်ဗွေယူပြီး မင်း ပွိုင့်တိုးအောင်လုပ်.. တခြားလူတွေ လက်ထဲတော့ မသေချင်ဘူး.."
" ယူဂျင်း က ..ဂယူ့ ရဲ့ ယုန်ပေါက်လေး ပဲ ဟာ.. ဂယူ ကတိပေးပြီးသား.. ယုန်ပေါက်လေးကို ခေါ်လာပေးရင် အဆုံးထိ ဂယူ ကာကွယ်ပြီး စောင့်ရှောက်မယ်လို့.. ဂယူ ၁ နာရီ မက တိုက်ခိုက်နိုင်ပါတယ်..."
ဂယူ က သူ့ ကိုကြည့်ကာ လေးလေးနက်နက် ကတိပေးလာသည်မို့ ယူဂျင်း သဘောကျစွာရယ်လိုက်ပြီး ဂယူ ပါးလေးကို ဆွဲညှစ်ကာ ' ချစ်စရာ ခွေးပေါက်လေး' လို့ စနောက်လိုက်တော့ ဂယူက နားလေးတွေ ရဲတက်လာကာ ပြုံးတုန်းတုန်းလေး လုပ်နေသည်..။
" ဟေ့ ကလေးတွေ ဒီမှာ.. မင်း တို့အတွက် စားနပ်ရိက္ခာတွေ..."
ဂယူ ကစားနေကြ မြတ်ခင်းစိမ်းအဆောင်ရဲ့ အနောက်ဘက် ဥယျာဉ် ကို ဝင့်ဝင့်ကြွားကြွား ဦးဆောင် ဝင်လာ သူကြောင့် ယူဂျင်း အံဩသွားကာ ရုတ်တရက်မတ်တတ်ရပ်လိုက်မိသည်..။ ထိုသူ နောက်က လိုက်ဝင်လာသည့် ထောင်သား အချို့က ရေနဲ့ စားစရာ တွေ ထားပေးပြီး ထွက်သွားလေသည်..။

YOU ARE READING
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...