Ep - 33

518 69 269
                                    

"မား..... "

" အမလေး ...ဝူဟျွန်းလေး... မား သားလေး.. သတိရလာပြီ........သူဌေးဝမ် ဆရာဝန်တွေ ခေါ်ပါဦး.. "

မား က သူ့အသံကြားသွားသည် ထင်သည်.. သူ့နား အပြေးရောက်လာပြီး သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး ဆရာဝန်တွေခေါ်ရန် သတိပေးလိုက်သည်..။

စစ်ဆေးသည့်ဆရာဝန်တွေ အခန်းတွေက ထွက်သွားခါမှ မက်သရူး လှဲလျောင်းနေရာကနေ ထထိုင်တော့ မား က သူထိုင်နိုင်အောင် ကူညီပေးသည်..။

" မားးးးးး..."

မက်သရူး မျက်ရည်တွေက တားဆီးမရအောင် ကျဆင်းလာသည်.. မားကိုမြင်လိုက်ရလို့ ဝမ်းနည်းတာလည်းပါသည်...နောက်ပြီး ဟန်ဘင်း ကြောင့်လည်း ပါသည်..။

" မငိုပါနဲ့ ဝူဟျွန်းလေးရယ်.. ခေါင်းတွေမူးနေလိမ့်မယ်နော်.. အခု ဘာမှမဖြစ်တော့ဘူး ဝူဟျွန်း မား ဆီရောက်လာပြီး လုံခြုံပြီနော်..."

သူ မားကို ငိုနေရင်း ခေါင်းခါပြလိုက်သည်...။

" မား...... ကိုကို ကလေ.... ကိုကိုကလေ...."

မက်သရူး ရင်ထဲစို့နင့်ကာ ရှိုက်ငိုနေရသည်မို့ စကားက လိုရင်းကိုထွက်မလာနိုင်...။

" မား သိတယ်.. အဲ့ဒီမကောင်းတဲ့ အကောင် ဘင်း .. ငါ့ သားလေး ကို လုပ်ရက်တယ်... ဒီကောင် ပြန်လာမှ မား ကူ ဆူပေးမယ်.. အာ့ အကောင်အတွက်မငိုနဲ့..."

မား က သူ့မျက်ရည်တွေကို သုတ်ပေးပြီး ဟန်ဘင်း အပြစ်တင်သလို ပြောပေးကာ နှစ်သိမ့်ပေးနေသည်..။

" မဟုတ်ဘူး.. မား... မား.. ကိုကို့ ကို ကယ်ပါ... ... ကျွန်တော် ကိုကို့အနားမှာ မရှိတော့ရင် ကိုကို က သူ့အပေါ်ကျရောက်လာမယ့် ဘာအန္တရာယ်ကိုမှ မှုနေမှာမဟုတ်ဘူး.. "

မား လက်ကိုဆုပ်ကိုင်ပြီး မက်သရူး ထထိုင်ရင်း မား ကို အပူတပြင်း ကလေးတစ်ယောက်လို တောင်းဆိုနေသည်..။

" ကိုကို က တစ်ချိန်လုံး ကျွန်တော် ထိခိုက်မှာ စိုးလို့ သူ့ကိုယ်သူ အမြဲဂရုစိုက်နေခဲ့တာ...တကယ်တော့ ကျွန်တော် က ကိုကို့ သွေး နည်းနည်းထွက်တာလောက်ကိုတောင့်ခံတယ်ဆိုတာ ကိုကို လိမ်ထားတာချည်းပဲ.. ကိုကို ငယ်ငယ်က ကျွန်တော့်ကို လေ့ကျင့်ပေးတာက မအောင်မြင်ခဲ့ဘူး ကျွန်တော် က ကိုကို လက် အပ်‌ စူးလို့ ထွက်တဲ့သွေးတစ်စက်နဲ့တောင် အသက်ရှူကြပ်နေတုန်းပဲ... ဘယ်သူမှ မသိအောင် ပိပိရိရိ နေနိုင်ခဲ့တာက ကိုကို က သူ့ကိုယ်သူ ဂရုစိုက်ပြီးရင်း ဂရုစိုက်နေခဲ့လို့ပါ...ပြီးတော့..."

End PointWhere stories live. Discover now