Ep - 36

541 62 198
                                    

ထောင်ခါချိန် အမဲလိုက်ပွဲ ပဉ္စမနေ့

မျက်ခုံးစပ်ကနေ စီးကျလာသည့် သွေးတွေကို လက်ခုံနဲ့ပွတ်သုတ်ရင်း ပတ်အင်ဟာ ကို ကာကွယ်နေသည့် လူအုပ်ကြီးမသတီသလိုကြည့်ကာ တံတွေးတစ်ချက် ထွေးထုတ်လိုက်သည်..။ ပဉ္စမနေ့ ရဲ့ ဒုတိယ သားကောင် ဟာ ပတ်အင်ဟာ ဖြစ်သည်..။ သို့သော် ပတ်အင်ဟာ သားကောင်ဖြစ်တာ အချိန်ကျော်သွားပြီး နောက်ထပ် သားကောင် အသစ်ဖြစ်သွားချိန်ထိတောင် သူတို့က သားကောင်ကို ပစ်မှတ်မထားဘဲ ဘင်းကို သာပစ်မှတ်ထားတိုက်ခိုက်နေခဲ့သည်..။

ထိုအချိန်ကတည်းက ဘင်း NIS က သူလျှိုကောင်တွေနဲ့ တိုက်ခိုက်နေရသည်မှာ လက်ပန်းကျချင် သလိုလိုဖြစ်နေသည်..။ သို့သော် စောင့်ကြည့်နေတဲ့သူတွေရဲ့ မျက်ဝန်းတွေက သူ့အပေါ် အကုန် ကျရောက်နေမှဖြစ်မည်..။ NIS ကကောင်တွေကလွဲလို့ကျန်တဲ့ထောင်သားတွေကတော့ တခြားသားကောင်ကို လိုက်ရှာပြီး တိုက်ခိုက်နေတာကြောင့် ဘင်း ကို တိုက်ခိုက်ခြင်းမပြုနိုင်ကြ...။ ကယ်ဗင် နဲ့ ဆန်းဟွာ က NISထောင်သားတွေကို တတ်နိုင်သလောက် ဝင်ထိန်းပေးနေသေးသည်..။

နှုတ်ခမ်းလည်း ကွဲထွက်နေတာကြောင့် စောနက ထွေးထုတ်လိုက်သည့် တံတွေးသည်ပင် အနီရောင်သို့ပြောင်းနေသည်..။ သွားတွေတောင် နေရာတကျရှိသေးရဲ့လားမသိ... ။ ဓားမြောင် ကို ဆွဲထုတ်ကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးတွေက ဘေးပတ်ပတ်လည်ကို အဆက်မပြတ်အကဲခတ်နေသည်...။ အယောက် ၃၀ လောက် တစ်ယောက်တည်း တိုက်ခိုက်ရသည်မှာ လွယ်တော့ မလွယ် .. သာမန်လူမိုက်မျိုးမဟုတ်ဘဲ... NIS ကစနစ်တကျ လေ့ကျင့်ထားသည့် ကောင်တွေချည်းမဟုတ်လား..။

ဒါတောင် ကျန် အယောက် ၂၀ က အင်ဟာ ကို ကာကွယ်ပေးရလို့ တိုက်စစ်ထဲမပါနိုင်တာကြောင့် ဖြစ်သည်..။

လက်မောင်း ကဓားဒဏ်ရာကိုကြည့်ရင်း မက်သရူးကို စောစော အပြင်ပြန်ထုတ်လိုက်တာ သူ့အတွက် အတော့်ကို စိတ်သက်သာရာ ရမိသလိုပင်..။

*ဒုတ်

NIS သူလျှိုထောင်သား တစ်ယောက် လွှဲရိုက်လာသည့် တုတ်ကို ဓားကိုင်ထားသည့် ညာဘက်လက်ဖျံရိုးဖြင့်ကာ တားလိုက်ပြီး ထိုလူကို ဘယ်လက်သီးဖြင့် ပိတ်ထိုးထည့်လိုက်မိသည်..။ တော်သေးသည် သူက ဘယ်ရော ညာရော သန်အောင် လေ့ကျင့်ခဲ့ဖူးသူ ဖြစ်ခဲ့လို့သာပင်..။ ထိုလူဟန်ချက်ပျက်သွားသည့်အခါ လည်မျိုကို ဓားမြောင်ဖြင့် ထိုးစိုက်ထည့်လိုက်တော့ သွေးတွေက ဘင်း မျက်နှာထိတောင် တက်စင်လို့သွားသည်..။

End PointWhere stories live. Discover now