" ဦးငယ် ဖွင့်ပေး..!"
ထောင်ထဲက သတင်းပေးရဲ့ လက်ဆင့်ကမ်း စကားအရ ဆော့မက်သရူး တို့ ထောင် အဆောင် နာမည်တွေထဲက အရောင်ကုဒ်တွေကနေ တစ်ခုခု ထွက်လာမလားတွေးနေသည်ဟု ရစ်ခီ သိရတာကြောင့် အသည်းအသန် ထောင်ပုံကြမ်းချဆွဲကာ လျှို့ဝှက်နံပါတ်ကို အသည်းအသန်ရှာနေတုန်း.. နလန်ထ ကလေးကြီးက သူ့မျက်နှာရှေ့ နွားနို့ ဘူးဖောက်ပေးရန် ထိုးပေးလာသည်..။
" ဒီခဲပတ်လေးထဲ ပိုက်ထည့်တာကို ဘာတွေ လာဖွင့်ပေးခိုင်းနေတာလဲ.. ကလေးလည်း မဟုတ်တော့ဘူး.. ကိုယ့်ဘာသာကိုယ် ဖွင့် ပတ်ဂွန်းနု.. သွား.. သွား.. ရှုပ်ရတဲ့အထဲ..."
"ဘွားဘွားကြီးရေ!!!..."
" ပါးစပ်ပိတ် !!! $ ကလေးစုတ်လေး...ရော့...ရော့ မျို ဆို့..."
အလည်ကောင် ပတ်ဂွန်းနု က အားကိုးရာရှိနေပြီးဖြစ်တာကြောင့် မဒမ် ပတ်ကို လှမ်းအော်ခေါ်တာကြောင့် ရစ်ခီ ထိုကလေး ပါးစပ်ကို လက်နဲ့လှမ်းအုပ်ပိတ်လိုက်ပြီး နွားနို့ ဘူးကို အမြန်ဖောက်ကာ ဂွန်းနု လက်ထဲ ထိုးထည့်ပေးလိုက်ရင်း ပါးစပ်ကလည်း ကလေးကို မာန်မဲလိုက်သေးသည်..။
" ဆော့မက်သရူး နဲ့တူသလိုလို နဲ့ မင်း ကလေ ဘင်း မှ ဘင်း... အပြောလေးချိုချို နဲ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုချုပ်မလဲ သိနေတဲ့ သောက်ကလေး... ငါ့ အိမ်မှာနေတဲ့ သုံးနှစ် မင်း ငါ့ စကားတစ်ခွန်းဆို တစ်ခွန်းပဲ နားထောင်ပြီး.. အခုတော့ မင်း အဘွား အိမ်ရောက်ပြီဆိုတော့ ငါက အလကားကောင်ကြီး ဖြစ်သွားပြီပေါ့..."
ရစ်ခီ ကဂွန်းနု ရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဖျစ်ညှစ်ရင်း မကျေနပ်ချက်တွေကို တသီတတန်းကြီး ရေရွတ်နေပေမယ့် ဟိုကလေးကြီးကတော့ နွားနို့ သောက်မပျက်..။
" ဟဲ့... ရစ်ခီရှန်.. ငါ့ မြေးပါးကို ဘာကိစ္စ အတင်းဖျစ် နေတာတုန်း... မင်း နဲ့သုံးနှစ်နေလိုက်တာ ငါ့ အသည်းအသက်လေး ပိန်သွားလိုက်တာ... ဘွား မြေးလေး ဘာစားချင်တုန်း... ပြီးတော့ ဘာလို့ချင်တုန်း..."
ဘယ်အချိန်က ဘယ်လိုရောက်လာမှန်းမသိတဲ့ မဒမ် ပတ် က သူ့မြေးကို အနိုင်ကျင့်ရကောင်းလားဆိုပြီး ရစ်ခီ့လက်ကိုရိုက်ချကာ ကြီးကောင်ကြီးမား သူ့မြေးကို သူ့ရင်ခွင်ထဲ ထည့်ဖက်ထားရင်း သူမြေး ဘာလိုချင်လဲ တဖွဖွမေးနေတော့ ရစ်ခီ အဖြစ်သည်းနေသည့် ထိုမြေးအဘွားကို မျက်စောင်းထိုးကာ မျက်နှာကို မဲ့ရွဲ့ပြလိုက်သည်။
YOU ARE READING
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...