Ep - 32

540 70 291
                                    

{ A/N – ကျော်ဖတ်မှာစိုးလို့ ထိပ်မှာ တင်ထားလိုက်ပါနဲ့.. ကျေးဇူးပြုပြီး ကျော်မဖတ်ပါနဲ့...။

သွေးဖော်မြူလာ ဆိုတာလေး ရှင်းပြချင်ပါတယ်..ဒါက မီ့ ရဲ့ စိတ်ကူးစိတ်သန်းသက်သက်ပါ.. ပြင်ပဆေးလောကမှာ အဲ့ဒီလိုမျိုးမရှိပါဘူးနော်..

သွေးဖော်မြူလာစီးဆင်းခြင်း 

လူတစ်ယောက်ရဲ့သွေးနဲ့ဓာတုပစ္စည်းတချို့ ပေါင်းစပ်ကာ  ရသည့် သွေးဖော်မြူလာ ကို  တခြား လူ ရဲ့သွေးကြောထဲထိုးသွင်းပြီး ဓာတ်ပြုစေတာပါ..။

ဒါက ပတ်ဆောင်းဂျင် ရဲ့ ကလေးတွေကို တွဲဖက် ပေးရသည့်အဓိက အချက်ပါ...ဥပမာ 1.3 ရဲ့သွေးဖော်မြူလာဟာ 2.8 သွေးထဲစီးဆင်းနေသလို 2.8 ရဲ့ သွေးဖော်မြူလာကလည်း 1.3 သွေးထဲစီးဆင်းနေတယ်.. အဲ့ဒီလိုနှစ်ယောက်လို တွဲဖက်အဖြစ်ထားထားပေးခြင်းဖြစ်သည်..။

တစ်ယောက်သွေးထဲ တစ်ယောက်ရဲ့သွေးဖော်မြူလာ စီးဆင်းနေမှုက အဲ့ဒီလူတွေ ထိခိုက်ဒဏ်ရာရသည့်အခါ သွေးနံ့ချက်ချင်းရစေရန် ဆက်သွယ်ချက် တစ်ခုအဖြစ်ထားရှိပေးခြင်းဖြစ်သည်..။ အတွဲ တစ်တွဲနဲ့တစ်တွဲ ဆက်သွယ်ချက်တွေက မတူညီကြပေ..။

အဲ့ဒီမှာ ဟိုနေ့က ရစ်ခီ နှာချေတာနဲ့ပတ်သက်လို့ မေးကြတဲ့ မန့်တွေကို မီ တလွဲဖြေလိုက်မိပါတယ်..။

ရစ်ခီ က ထယ်ရယ် သွေးထွက်ရင် နှာချေတာဆို ထယ်ရယ် က ဘာဖြစ်မလဲ..။

အဲ့ဒီမေးခွန်းကို အတူတူပဲလို့ ပြန်ဖြေမိပါတယ်..။( ဒူးထောက် လက်မြှောက်ထားပါတယ်.)

မှားဖြေ မိခဲ့ပါတယ်... ထယ်ရယ် ဘာဖြစ်မလဲဆိုတာ မသိနိုင်သေးပါဘူး..။ ထယ်ရယ့်ကိုယ်မှာ သွေးဖော်မြူလာ ထိုးသွင်းခံရမှု မရှိနိုင်တဲ့ ရာခိုင်နှုန်းက ၉၉ ရာခိုင်နှုန်းလောက်ရှိပါတယ်..။}

============================

ဟိုဂျောင်

ဘာမှ မပေါ်လာခဲ့သော smart watch ကို ကြည့်ရင်း ဟိုဂျောင် ခါးခါးသီးသီး ပြုံးလိုက်မိသည်..။ ကံဆိုးစွာပင် သူ က အခု စုဝေးကွင်း အလည်တည့်တည့် တွင်ရှိနေသည်..။ ပွိုင့် ၅၀၀ တန် သားကောင် က အဆီတဝင်းဝင်းနဲ့ ဝက်သားတုံးကြီးနှင့် တူလှသည်မို့ အနာခံပြီး ဟိုဂျောင် ကို သူ့ထက် ငါအရင် တိုက်ခိုက်ကြတော့သည်..။

End PointTempat cerita menjadi hidup. Temukan sekarang