Ep - 0.5

703 89 2
                                    

၁၀ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အရပ်ထက် ၄ ဆ လောက် မြင့်တဲ့ အုတ်နံရံ ကြီး အထပ်မှာ လျှပ်စစ်လွှတ်ထားသည့် နန်းကြိုးတွေက ထပ်လောင်းရှိနေသေးသည်..။ 1.3 ( one point three ) အမြဲ စဉ်းစားမိတာတစ်ခုရှိသည်.. အဲ့ဒီ နံရံအပြင် ဘက်မှာ ဘာတွေရှိမလဲဆိုတာ..။

" 1.3 ဆေးစမ်းမယ်!!!!!!"

ယောကျ်ားလေးသူနာပြု တစ်ယောက်ခေါ်သံကြောင့် အုတ်နံရံ ကြီးကနေ အကြည့်ခွာပြီး ထိုသူနာပြုနောက်ကို အပြေးလိုက်သွားမိသည်။ဒီက ခေါင်းဆောင်လူကြီး ကအမြဲပြောဖူးတယ် ' ငါတို့က ထူးခြားတယ်တဲ့.. အဲ့ဒီအတွက် တစ်နေ့ ကျရင် နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရမယ်တဲ့"

1.3 အတွက်တော့ အဲ့ဒါတွေ နားမလည်ဘူး.. အုတ်နံရံ အပြင်ဘက်မှာ ဘာရှိလဲပဲသိချင်တယ်..။

ဒီနေရာက 1.3 အတွက် အိမ်ပဲ.. ကောင်းကောင်းအိပ် ..ကောင်းကောင်းစားရတယ်... ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်.. နောက်ပြီး မြောက်များစွာသော ဆေးလုံးတွေ..ထိုးဆေး တွေ သောက်ရတယ်..ဆေးထိုးခံရတယ်..။

ဒါက ဘာနဲ့နှိူင်းရမလဲ ဆို အိမ်ကြီးအိမ်ကောင်းက မွေးထားတဲ့ အကောင်းစား ခွေးတစ်ကောင်နဲ့တောင်တူသေးသည်။

" ဟေး... ဆေးစစ်တာဘယ်လိုနေလဲ.."

အဆောင်ကိုပြန်တဲ့လမ်းမှာ သူ့လို ဆေးစမ်းပြီးပြန်လာတဲ့ 1.4 နှုတ်ဆက်လာသည်မို့ ' A ' ဟု သာ တိုတိုတုတ်တုတ် အဖြေပြန်ပေးလိုက်သည်။

"batch 2 အဖွဲ့ ကလူတွေ ဒီနေ့ ရောက်မယ်တဲ့..အစောင့်တွေဆီက ကြားလိုက်တယ်.. ငါတို့ သူတို့နဲ့ ပြိုင်တိုက်ခိုက်ရဦးမယ်ထင်တယ်.."

1.3 က 1.4 စကားကို မကြားသလို လုပ်နေသည်..။ batch တစ်ခုနဲ့တစ်ခု ကလေးတွေ တိုက်ခိုက်ကြတာ ရေးကြီးခွင်ကျယ် ကိစ္စ မဟုတ်တာ ကို 1.4 က အထူးအဆန်း လာပြောနေတာကြောင့်ပင်။

တိုက်ခိုက်လည်း 1.3 ဆိုတဲ့ သူ့ကို နိုင်တဲ့သူ ထွက်လာသေးတာ မဟုတ်ဘူးလေ..။အဲ့ဒီအတွက် 1.3 အထွေအထူး စိတ်ပူပန်မနေခဲ့။

'1.4 မင်း ဟိုး အုတ်နံရံ အပြင်မှာ ဘာတွေ ရှိလဲ မသိချင်ဘူးလား.."

End PointWhere stories live. Discover now