Ep - 7

490 59 12
                                    


ဂီဝန်း မည်သို့မည်ပုံစိတ်ပြောင်းသွားသည်တော့မသိ keeping နာမည်စာရင်း သွင်းသည့်အချိန်မှာ မက်သရူး အစား ဂျွန်ဟာ့ နာမည်ကိုထည့်သွင်းခဲ့သည်။ ထိုအရာသည် ထူးဆန်းစွာ ဖြစ်ပွားသွားသည်။ ဂီဝန်းကို အသိတစ်ချို့မေးမြန်းသော်လည်း ဂီဝန်း ဆီကနေ မည်သူမျှတိတိကျကျအဖြေမရခဲ့။ ကြည်ကြည်ဖြူဖြူလက်ခံ ခဲ့သည် ဂျွန်ဟာ က ပိုလို့ပင် ထူးဆန်းနေသေးသည်။

နောက်ပိုင်း ပျံ့လာတဲ့သတင်းက မက်သရူး က စိတ်ပညာရှင်မို့..သူလိုချင်သလို အိပ်မွေ့ချခိုင်းစေခဲ့တာလို့ အားလုံးကပြောလည်းပြောသလို လက်လည်းလက်ခံလိုက်ကြသည်။ထိုအချိန်ကတည်းက မက်သရူး ကို အားလုံးကခပ်ခွာခွာပေါင်းသလို မက်သရူး ကို ခရမ်းဆွဲငရဲ ခေါင်းဆောင် အဆက်ဆက်က မကြာခဏဆိုသလို တိုက်ပိတ်ကာ နေထိုင်စေခဲ့သည်။ စိတ်ပညာရှင်တွေက သူတို့အတွက် အန္တရာယ်ကောင်ဖြစ်သည်ဟု ယူဆထားတာကြောင့်ဖြစ်၏။

ဒါကြောင့် ခရမ်းဆွဲဆောင်မှာနေတော့ သူ မက်သရူး ဆိုသူ ကိုမတွေ့ခဲ့တာကိုး ...။ A4 စာရွက်ပေါ်မှာ ထယ်ရယ် ရေးချထားသည်များကို ဖတ်ပြီးနောက် ဟန်ဘင်း မှတ်ချက် ချလိုက်ပြီး မိမိရှေ့မှာ ဒူးထောက် လက်မြှောက်ပြီး အပြစ်ဒဏ်ခံယူနေသည့် သာလိကာ ၂ ကောင်ကို ကြည့်လိုက်သည်။

"အာ့တစ်ယောက်ရော သတိရလာပြီလား"


ဟန်ဘင်း အမေးကို ထယ်ရယ် က ခေါင်းကိုတွင်တွင်ခါရမ်းကာဖြေလိုက်တော့ ဟန်ဘင်း သက်ပြင်းချလိုက်သည်။

"ဘာလို့ အခုထိ ...သတိမရတာလဲ.."

"ခေါင်းဆောင် ဘင်း က သူ့ကို လန့်အောင်လုပ်လိုက်တာကိုး.."

ဟန်ဘင်း အမေးကို ယူဂျင်း က ဆူအောင့်အောင့်လေးပြန်ဖြေရှာသည်။သူများကိုလည်ပင်းအစ်တဲ့အထိ ချုပ်ထားမှတော့ သတိမရသေးတာမဆန်းလှ။

"ခေါင်းဆောင် ဘင်း .စာရွက်နောက်ကျောဘက်မှာ ဂီဝန်း ဆေးရုံစတတ်ကတည်းက ဆေးရုံကိုလူအဝင်အထွက်စာရင်းပါတယ်"

ဟန်ဘင်း က ထယ်ရယ်ပြောတဲ့အတိုင်း စာရွက်နောက်ကျောကိုကြည့်နေရင်း တစ်နေရာအရောက်တွင် သူ့မျက်ခုံးတို့အလိုလို ပင့်တတ်သွားကာ နှုတ်ခမ်းဖျားတို့သည်လည်းတချိန်တည်း ကွေးညွှတ်လို့ သွားသည်။

End PointOù les histoires vivent. Découvrez maintenant