Ep - 10

510 68 9
                                    


ထမင်းစားချိန်တွင် ကိုယ့်ထမင်းဗန်းကိုယ်ကိုင်ရင်း ခေါင်းဆောင်နဲ့တွေ့ကာ စကားစမြည်ပြောမယ့် ရည်ရွယ်ချက်နဲ့ ထယ်ရယ်နဲ့ယူဂျင်း ဆေးရုံဘက်ဦးတည်ထွက်လာလိုက်သည်..။

လမ်းတစ်လျှောက်လည်းနှစ်ယောက်သားရောက်တတ် ရာရာ ပြောရင်းကနေ မိုဂျီဂျူး အကြောင်း ရောက်သွားတော့သည်...။

"အစ်ကိုထယ်ရယ် ဟိုနေ့က အစ်ကို မက်သရူး ပြောတဲ့စကားကို ကျွန်တော် စဉ်းစားမိတာကလေ ‌ခေါင်း‌ဆောင် ဘင်း လိမ်ပြောလိုက်တာလားလို့"

"အိုင်းယား ...မင်းတို့ဉာဏ်ကောင်းတဲ့လူတွေဟာလေ သိပ်ကိုအလုပ်ရှုပ်ခံတွေးတာကိုး ဂီဝန်းလည်းသေပြီ ဂျွန်ဟာလည်း သေပြီကွာ မိုဂျီဂျူးလည်း မဟူရာနယ်မြေထဲအပို့ခံလိုက်ရပြီ..အာ့ကို ခေါင်းဆောင် လိမ်လား မလိမ်လား‌ ဆိုတာကအပိုအလုပ်တွေ မဟုတ်ဘူးလား"

"ဟာ အစ်ကိုထယ်ရယ် စကားကိုဒီလိုပြောလို့မရဘူးလေ ဂီဝန်းက တကယ်ပဲသစ္စာမဖောက်ဘူးဆို မိုဂျီဂျူးကသက်သက်မဲ့လူသတ်သလိုဖြစ်ပြီး သေတဲ့အထိယူကြုံးမရဖြစ်မှာလေ လူမသေရင်တောင် သူ့စိတ်ကတော့အာ့ဒီနေ့တင်သေသွားလောက်ပြီ"

ယူဂျင်း ကခံစားချက်ပြင်းပြင်းနဲ့တုံ့ပြန်ပြောဆိုလာတာ သူ့ နားရွက်တွေပင်ရဲတတ်လာပြီး ဒေါသသံလေးယှက်နေသည်။

"အာ့တော့ရော ဘာဖြစ်လဲ.. မိုဂျီဂျူး ခံစားရခြင်း မခံစားရခြင်းကို ဘာကိစ္စ ငါတို့က မျှဝေပေးရမှာလဲ"

ထယ်ရယ့် စကားကြောင့် ယူဂျင်း ခြေလှမ်းတွေရပ်တန့်သွားသည်အစ်ကိုထယ်ရယ်ရော ခေါင်းဆောင် ဘင်း ရော က သူထင်ထားသလို ဖော်ရွှေနေသည့်လူစားမျိုး မဟုတ်ဘဲ အမူအရာမျိုးစုံအောက်မှာ သွေးအေးရက်စက်လွန်းကြသည်...။

ထယ်ရယ် တစ်ယောက်ဆက်လျှောက်နေရင်းက ဘေးကြည့်တော့သူနဲ့အတူ ယူဂျင်း မပါလာတာကိုသတိထားမိပြီး နောက်ကိုလှည့်ကြည့်တော့ တွေတွေကြီးရပ်ကျန်နေခဲ့သည့်
ယူဂျင်း...။

"ယူဂျင်း..ဘာဖြစ်တာလဲ"

ထယ်ရယ် ကယူဂျင်း ရပ်နေသည့်နေရာကို ပြန်လှည့်လျှောက်လာကာ ပခုံးကိုခပ်ဖွဖွပုတ်ရင်းမေးလိုက်သည်။

End PointDonde viven las historias. Descúbrelo ahora