Present >>>>>>>>>>>>>>
>>>>>>>>>>>>>> Past
1.4 ဟာ အသက် ၁၃ နှစ်မတိုင်ခင်ထိ ဘာကိုမှ လေးလေးနက်နက် စဉ်းစားတတ်တဲ့ ကလေးမျိုးမဟုတ်ခဲ့ဘူး..။ တိုက်ခိုက်စရာရှိလည်း ကမူးရူးထိုးနဲ့ တိုက်ခိုက်လိုက်တာပဲ..။ လေ့ကျင့်စရာရှိလည်း ပြင်းပြင်းထန်ထန် လေ့ကျင့် ပစ်လိုက်တာပဲ...။ ဒီလိုနဲ့ သူ့ ဘဝ ၁၂ နှစ်လောက်ကို ဖြတ်သန်းခဲ့တာ...။ သူ ၉ နှစ်အရွယ်မှာ ၆ နှစ်အရွယ် 1.3 နဲ့ အခန်းဖော် စဖြစ်ခဲ့သည်..။
1.3 က နဲ့အခန်းဖော်ဖြစ်လာတာကြာတော့ 1.4 က 1.3 အကြောင်းကောင်းကောင်းသိလာသည်...။ 1.3 က အနိုင်ရတာ ကိုပဲသဘောကျသည်..။ အနိုင်ရနိုင်ဖို့ ဘက်ပေါင်းစုံကနေတွေးတတ်တဲ့ ကလေးမျိုး..။ သို့ပေမဲ့ တစ်ခါတလေ နံရံကြီးကို စိုက်ကြည့်ပြီး အဲ့ဒီအပြင်ဘက်မှာ ဘာရှိမလဲ တွေးနေတတ်တာကလွဲလို့ ကျန်တဲ့အချိန် ဘယ်လိုတိုက်ပွဲမှာ အနိုင်ရအောင်လုပ်မလဲဆိုတာပဲ စဉ်းစားနေတတ်သည်..။
Batch 1 က ကလေးတွေက တိုက်ခိုက်ရေးဘက်ကိုပဲ ဦးစားပေးထားတော့ ကလေးတိုင်းရဲ့မျက်နှာက နေ့စဉ် ဖူးယောင်ပြီး ညိုမဲစွဲနေတာချည်းပဲ..နေရောင်အောက်မှာ လေ့ကျင့်ရေးလုပ်ရတာမို့ အသားအရေက နေလောင်ပြီး မညီမညာ ဖြစ်နေတတ်တာကြောင့် 1.4 နဲ့ 1.3 တောင် တစ်ခန်းထဲနေပေမယ့် တစ်ခါတလေ အချင်းချင်းတောင် မမှတ်မိကြ..။
ဒီလိုနဲ့ အသက် ၁၃ နှစ်မှာ အချစ် ဆိုတဲ့အရာကို 1.4 သူ့အခန်းထဲမှာ ရှာတွေ့ခဲ့သည်..။ သေချာပေါက် 1.3 တော့ မဟုတ်ဘူးပေါ့...။ အဲ့ဒီအချိန်မှာ Batch 2 ကလူတွေရောက်လာလို့ 1.4 တို့လည်း အခန်းဖော် အသစ်တွေ ရခဲ့သည်..။ Batch 2 က ကလေးတွေက ထူးဆန်းသည်..အသားအရေးက သူတို့ထက် ပိုကောင်းပြီး ကြည့်လို့ကောင်းတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ကြသလားပဲ..။ 1.4 ရဲ့ အခန်းဖော် အသစ်ဖြစ်တဲ့ 2.5 ဆိုလျှင် တော်တော်လေး လှသည့် အထဲတောင်ပါဝင်နေသည်..။
2.5 က ပိန်ပိန်ပါးပါး နဲ့အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်...။ 2.5 ရဲ့မျက်ဝန်းလှလှအောက်နားမှာ ထပ်ဆင့်ထူးကဲစေမယ့် မှဲ့လေးတစ်လုံးကရှိသေးသည်..။ ဒါက ကြည့်ကောင်းတာထက်ကိုပြီး လှသည်ဆိုသည့် ဘက်ကို ကူးပြောင်းသွားတာ မဟုတ်ဘူးလား..။သူက 1.4 ထက် ၂ နှစ်ငယ်သည်..။ ထိုကောင်လေးရဲ့စကားသံလေယူလေသိမ်းအရ တစ်ခါတလေ ကိုးရီးယားလူမျိုးနဲ့မတူသလိုပဲ..။ မာနကြီးတယ်..။ အထက်စီးဆန်တယ်...။ အေးတိအေးစက်နိုင်တယ်...။ ဉာဏ်အရမ်းကောင်းလွန်းတယ်..။
ŞİMDİ OKUDUĞUN
End Point
Hayran KurguLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...
