Ep - 21

531 61 20
                                        


" အော် အဲ့ဒီလိုလုပ်ပေးနိုင်ရင်တော့ ကျွန်မ တို့ဘက်က ကျေးဇူးတင်ရတာပေါ့.."

ခြံဝန်းအကျယ်ကြီးထဲက Green house ထဲမှာ မဒမ် ပတ် အသံကို ကြားလိုက်ရတာကြောင့် ရစ်ခီ တံခါးကို မဖွင့်သေးဘဲ အပြင်မှာ အထဲကစကားပြောသံတွေကို နားစွင့်နေမိသည်..။

Green house က သူတို့ လျှို့ဝှက်ဆက်သွယ်ရေးလုပ်သည့် အဆောက်အဦးလိုဖြစ်နေတာကြောင့် တချို့ မျက်နှာတောင် မမြင်ဖူးတဲ့သူတွေ အဝင်အထွက်များတတ်သည်..။

"စိတ်ပူစရာတော့ မလိုပါဘူး ပစ္စည်းကို အိမ်တိုင်ရာရောက်လာပို့ပေးမှာပါ.. ခုန ကျွန်တော်ပြောတဲ့လိုအပ်တာတွေကိုပဲ မဒမ် ပတ် စုဆောင်းပေးထားရင် ရပါပြီ...ပစ္စည်းရောက်ခါနီးရင် တစ်ခေါက် ပြန်ဆက်သွယ် လိုက်ပါ့မယ် သွားလိုက်ပါဦးမယ်"

" ကောင်းပါပြီ.. "

မဒမ် ပတ် စကားဆုံးတော့ Green house ရဲ့တံခါးပွင့်သွားကာ အဝတ်အစား အမဲဝမ်းဆက် ။ ဦးထုပ် အနက် နေကာမျက်မှန် နဲ့ mask အမည်းရောင်ပါတပ်ထားပြီး မည်သူမည်ဝါမှန်းမသိနိုင်သည့် လူတစ်ယောက် ထွက်လာကာ အသင့်ပြင်ထားသည့်ကားပေါ် လိုက်ပါသွားသည်..။ ရစ်ခီ ထိုကားလေး မြင်ကွင်းထဲက ပျောက်သွားမှ Green house ထဲဝင်ခဲ့လိုက်သည်..။

" မား..ကျွန်တော့်ကို ခေါ်တယ်ဆို ..အော.....ခုနက လူက ဘယ်သူလဲ.."

" အော်... သူက ပစ္စည်းပို့တဲ့သူပါ.. "

မဒမ် ပတ် အဖြေကို ရစ်ခီ သိပ်သဘောမကျ...။ ဘယ်လို deli သမားက မျက်နှာအသားတစ်နေရာမှ မပေါ်အောင် ဝတ်စားကြလို့လဲ...။ ပုံမှန် deli ပို့တဲ့လူတော့ မဟုတ်လောက်ဘူးလား လို့ သူ တွေးနေတုန်း မဒမ် ပတ်က မဆုံးသေးသည့် စကားကို ဆက်ပြောလာသည်မို့ ရစ်ခီ အတွေးခဏရပ်ကာ သူမ စကားကို ပြန်နားစိုက်ထောင်လိုက်သည်။

"မား.. မင်းကို ခေါ်ခိုင်းလိုက်တာက မင်း လူတစ်ယောက်အကြောင်း မင်းကိုယ်တိုင် စုံစမ်းမှဖြစ်မှာမို့လို့... ဂင်မ်ထယ်ဟွမ် ရဲ့ ကွာရှင်းထားတဲ့ ဇနီး အကြောင်း အသေးစိတ် သိချင်တယ်.."

"ဪ ဘာများလဲလို့ ဒါများ..."

" အင်း.. အစစ အရာရာ သတိထားဦး... "

End PointTempat di mana cerita hidup. Terokai sekarang