Extra Point - 3

561 66 158
                                    

6. မင်းက ငါ့သားဖြစ်နေရင်တောင်မှ

ဗန်ကူးဗား မှာစနေပြီး လနည်းငယ်နောက်ပိုင်းမှာ မနက်ခင်းတိုင်းကို တံခါးကို တဘုန်း ဘုန်းထုသံနဲ့ ဟန်ဘင်းတို့ နိုးထရသည်...။ ဟန်ဘင်းတို့ အိမ်က ၄ နှစ်အရွယ် ပိစိသည် မနက်ခင်းဆို စောစောနိုးတတ်ပြီး နိုးတာနဲ့ ဟန်ဘင်းနဲ့ မက်သရူး အခန်းကို တည့်တည့်မတ်မတ် ကို လာတတ်သည်..။

အရင် တံခါးလော့ခ် မချဘဲ အိပ်ပျော်မိတာကြောင့် ပိစိက လျှာကြောရှည်စွာ အခန်းထဲဇွတ်ဝင်ချလာတော့ မမြင်သင့်တာအကုန်မြင်ပြီး မေးခွန်းတွေ လုံးစေ့ပတ်စေ့လိုက်မေးလာတဲ့အခါ ဆော့မက်သရူး ထံမှ ' အဲ့ဒါကိုကိုကြောင့်' ဆိုပြီး အပြစ်တင်ခံလိုက်ရသည့်အပြင် ဧည်ခန်းက ဆိုဖာပေါ် တစ်ပတ်လောက် အိပ်လိုက်ရသည်..။ ဒါတောင် သားတော်မောင်မှာ မက်သရူး လို အကြားစွမ်းရည်ရှိတာ သိကတည်းက သူ့အခန်းကို အသံလုံအောင် လုပ်ထားခဲ့သေးသည်..။

အဲ့ဒီနောက်ပိုင်းတော့ ဟန်ဘင်းတို့ အထာနပ်စွာပင် အိပ်မည်ဆိုတိုင်း တံခါးကို လော့ခ် ချပြီးမှသာ အိပ်တော့သည်..။ အခုလည်းကြည့် သူ့တာဝန် သူ မပျက်စွာထမ်းဆောင်နေသည့် ဂျစ်တူးက တံခါးမဖွင့်ပေးမချင်း တံခါကို ထုရိုက်နေသည်..။

အသံတွေကြားလို့ လွန့်လူးလာသည့် မက်သရူး နဖူးကို ခပ်ဖွဖွနမ်းကာ ' ထပ်အိပ်ဦး..' ဟုပြောပြီး ဟန်ဘင်းကတော့ အိပ်ရာက ထထွက်သွားကာ တံခါးဖွင့်လိုက်ပြီးသည်နှင့် ပတ်ဂွန်းနု တို့လုံးလုံး လုံးလုံးနဲ့အခန်းထဲပြေးဝင်ကာ ကုတင်ပေါ် ကုတ်တတ်ပြီး လှဲနေသည့် မက်သရူး ရင်ခွင်ထဲ ထုံစံအတိုင်းခေါင်းမှီထားရင်း.. 'ဒယ်ဒီကို လွမ်းလို့' ဆိုသည့်စကားကို အပ်ကြောင်းထပ်အောင် ကပ်ချွဲနေသည်။

" ပိုကို ပိုတယ် ပတ်ဂွန်းနု !...."

ဟန်ဘင်း မက်သရူး နောက်နားမှာ တစောင်းဝင်လှဲလိုက်ရင်း ဂွန်းနုဂီ ပါးကြီးကို ဆွဲလိမ်ကာ ပြောလိုက်တော့ ဂွန်းနုဂီ က ငိုမဲ့မဲ့ ရုပ်လေးနဲ့ မက်သရူးကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်လာသည်..။

" ကြည့်မနေနဲ့ မသနားဘူး မဟုတ်လား ဟန်နီ..... ဒါက အာပါး ရဲ့ ဟန်နီ ပါနော်... "

End PointWhere stories live. Discover now