Ep -22

491 61 43
                                    


" ငါတို့ ဂယူ အရမ်းကို ပင်ပန်းခဲ့တယ် မဟုတ်လား.."

မက်သရူး က ဂယူ နဲ့ယူဂျင်း ဆော့နေသည့် စားပွဲလျှောက်လာပြီး စက္ကူကြိုးကြာငှက်တွေခေါက်နေသည့် ဂယူ့ ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ် ကာ မေးလိုက်သည်။

" ပင်ပန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ..ဂယူ မသိဘူး... ဂယူ့ ကို သူတို့ရိုက်တဲ့အချိန်တွေဆိုရင်တော့ နာတယ်..."

ယူဂျင်း စကားဆို တသွေမတိမ်းနားထောင်တတ်နေပြီဖြစ်တဲ့ ဂယူ က အရင်လို စကားမထစ်တော့ဘဲ ဖြည်းဖြည်းနဲ့ မှန်မှန် စကားကို ပြောတတ်လာသည်။

" ဘယ်သူက ဂယူ့ ကိုရိုက်တာလဲ.. ပတ်အင်ဟာ လား..."

မက်သရူး အမေးကို ဂယူ က ခေါင်းညိတ်ပြလိုက်သည်..။

" သူကလည်း မကောင်းဆိုးဝါးလိုအကောင်ပဲ အစ်ကို မက်သရူး သူ က သူ့အတွက် အသုံးဝင်မယ့် သူကိုပဲရွေးချယ်ပြီး ကောင်းပေးထားတာ..သူ့ ရဲ့ keeping အစ်ကို ဟိုဂျောင် ရဲ့ မျိုးရိုးက ဘာလဲ သိလား အစ်ကို မက်သရူး.."

ယူဂျင်း အမေးကြောင့် မက်သရူး ခေါင်းခါပြလိုက်သည်..။

" သူ့ မျိုးရိုးက အီ.. အီဟိုဂျောင်.... သူက ဝန်ကြီးချုပ် အီဟျောင်းထယ် ရဲ့ တရားမဝင် သား တစ်ယောက်ပဲ...အဲ့ဒီ အစ်ကိုမှာလည်း ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိတယ်.. ဒဏ်ရာ ရရင် သူများထက် မြန်မြန်သက်သာတာ..ရုပ်ရှင်တွေထဲကလို ဒဏ်ရာရ ချက်ခြင်း သက်သာတာမျိုးမဟုတ်ဘူးနော်.. သာမန်လူတွေထက် အနာကျက်မြန်တာကို ဆိုလိုတာ.."

ယူဂျင်းက သူ့စကားကို ဆက်ပြောပြီး ဂယူ့ လက်မောင်းကို ဆုပ်ကိုင်ဆွဲလှုပ်ပြီး 'ငါပြောတာ ဟုတ်တယ်မဟုတ်လား' ဟုမေးရင်း သူ့စကားကို ထောက်ခံခိုင်းနေတာကြောင့် ဂယူ က မက်သရူး ကိုမော့ကြည့်ကာ ခေါင်းလေးညိတ်ပြရှာသည်...။

" ဟွန့် အဲ့ဒါကြောင့် အစ်ကို ထယ်ရယ် သူတို့အကြောင်းပြာပြတုန်းက ကျွန်တော် ထူးဆန်းပါတယ်လို့ တွေးနေခဲ့တာ.. one save life ရပြီးသား ပတ်အင်ဟာ က ဘာကြောင့် အစ်ကို ဟိုဂျောင် သေလုနီးပါးတိုက်ခိုက် ခံရတဲ့အထိ လက်ပိုက်ကြည့်နေခဲ့တာလို့.. ဘာလို့ဆို ရှေ့တစ်ယောက်နဲ့ရေကုန်ရေခမ်းတိုက်ခိုက်လိုက်ရင် တစ်ဖက်လူက အားနည်းသွားပြီလေ.. အဲ့ဒါကြောင့် အစ်ကို ဟိုဂျောင် သေလုနီးပါး ဖြစ်မှ one save life ကို သူ သုံးပြီး တိုက်ပွဲကို နားလိုက်တာ... ပြီးမှ သူ တစ်ဖက်ခေါင်းဆောင်ကို စိန်ခေါ်ပြီး တိုက်ခိုက်ခဲ့တာ.. အဲ့ဒါကြောင့် တစ်ဖက်လူကို သူ အသေသတ်နိုင်ခဲ့တာ... အစ်ကို ဟိုဂျောင်က ဒဏ်ရာကျက်မြန်တာကိုလည်း သူ သိထားလို့ပဲ... ဂယူ့ ကိုလည်း သူ့လက်ကိုင်တုတ်လို အနားခေါ်ထားတာ.."

End PointOnde histórias criam vida. Descubra agora