Ep -20

590 62 25
                                        


Present >>>>>>>>>>>>>>>>>

                                                                >>>>>>>>>>>>>>>>>Past

"သေချာမှတ်ထားနော် တစ်ခါပဲ ပြောပြမှာ..ခရမ်းရောင် တစ်ကြိမ်... အပြာ... နှစ်ကြိမ်... လိမ္မော် သုံးကြိမ်... အဝါ လေးကြိမ်... နောက်ဆုံး အစိမ်း ငါးကြိမ်..."

လက်စအပြီးမသတ်သေးတဲ့ အမိုးမရှိသေးသည့် စက်ဝိုင်းပုံ အဆောက်အဦး နမူနာ ပုံစံငယ် တစ်ခုရဲ့ အံဝှက် အခန်း တံခါးကို မည်သို့ ဖွင့်ရမည်ကို 2.5 က ၁၂ နှစ်နဲ့ ၁၁ နှစ်အရွယ် 2.8 နဲ့ 2.0 ကို ပြောပြနေသည်..။

" တကယ်လုပ်ဖြစ်ရင် အဲ့ဒီ လျှို့ဝှက်နံပါတ်ဖြစ်လာမယ့်တံခါးတွေက အသေ ဖြစ်နေရမှာလား.. တစ်ယောက်ယောက်က မသိလို့ လှည့်ဖွင့်မိရင် ပေါက်ကွဲမယ်လို့ ပြောခဲ့တယ်မဟုတ်လား..."

2.0 ရဲ့ အမေးကို 2.5 ကခေါင်းညိတ်ပြလိုက်သည်...။

" ဒါပေမဲ့ အဲ့ဒါကို လူတွေအများကြီးရှိတဲ့အဆောက်အဦး မှာအဲ့ဒီစနစ် အသုံးပြုရင် တစ်ခုခုမှားတာနဲ့ လူအများကြီးရဲ့ အသက်ပါ ပေးဆပ်လိုက်ရသလိုဖြစ်မနေဘူးလား.. နည်းနည်း ကြောက်ဖို့ကောင်းတယ်.."

2.8 က အဆောက်အဦး နမူနာ ပုံစံငယ်ကို လက်ညှိုးထိုးကာ သူ့ကိုယ်လေးတုန်တက်သွားသလို လုပ်ပြီး ပြောလာသည်..။

" လူကောင်းတွေကို ကာကွယ်ဖို့ အပြစ်သားတွေထားမယ့် အကျဉ်းထောင်ပဲဟာ ကျိန်းသေပေါက် တစ်ချက်ကလေးမှားတာနဲ့ အဲ့ဒီနေရာမှာတင် အသက်ဇီဝိန်ချုပ်စေမယ့် နည်းလမ်းဟာ အကောင်းဆုံးပဲ 2.8.. "

2.5 စကားကို 2.0 က ချက်ချင်းလက်ခံသော်လည်း 2.8 ကသိပ်ပြီး လက်မခံချင်သေး...။

"ဒါဆိုလည်း လူကောင်းတွေကို ကာကွယ်ပေးမယ့် လျှို့ဝှက်တံခါး ပုံစံလည်း လုပ်လို့ရတယ် မဟုတ်လား...ကိုယ့်နဲ့အနီးကပ်ဆုံးရင်းနှီးသူတွေပဲ သိနိုင်မယ့် လျှို့ဝှက်နံပါတ်လိုမျိုးပေါ့..."

2.8 စကားကြောင့် 2.5 ကတစ်ချက်ပြုံးလိုက်ရင်း သူ့ ရဲ့ အဆောက်အဦး နမူနာ ပုံစံငယ်ကို ပွေ့ပိုက်ရင်း မတ်တတ်ရပ်လိုက်သည်..။

End PointDove le storie prendono vita. Scoprilo ora