"ခေါင်းဆောင် ဘင်း .အထူးသတင်း...ဂီဝန်း.သေပြီ"
မြေဆွေးတွေကို ထွန်ခြစ်နဲ့ဆွဲကာဖြန့်နေသည့် ဟန်ဘင်း အနားနား ထယ်ရယ် ကပ်ကာ နှစ်ကိုယ်ကြားခပ်တိုးတိုးပင်ပြောလိုက်တော့ ဟန်ဘင်း နဖူးကြောတွေတွန့်တက်ကုန်သည်။ ဒါသူ တကယ်မထင်မှတ်ထားသည်အခြေအနေတစ်ခုဖြစ်သည်။ ချွဲဂီဝန်း ဒဏ်ရာရသည်မှန်သော်လည်း သေလောက်ထိမဆိုးရွားလှဘူးလေ။
"ဘယ်သူမှမသိသေးဘူးနော်....ကျွန်တော် ဦးဆုံးသိ ...အာ့"
ထယ်ရယ် ဝင့်ကြွားစွာပြောတုန်းတန်းလန်း ဟန်ဘင်း က သူ့ကော်လာနှစ်ဖက်ကို စုကိုင်လိုက်သည်မို့ သူ့ လည်ပင်းအစ်ကာ အသံပင်ထက်မထွက်နိုင်တော့...။
"အရမ်းပြောချင်နေတဲ့ မင်းအပေါက်ကို အလုပ်ချိန်ပြီးတဲ့အထိ ပိတ်ထား...မင်း$သံ ငါ ထပ်ကြားရလို့ကတော့ ပါးစပ်ထဲ..ရေနွေးပူလောင်းထည့်မယ်...မယုံ ..စမ်းကြည့်လိုက်.."
ဟန်ဘင်း စကားဆုံးသည်နှင့် ထယ်ရယ်က သူ့နှုတ်ခမ်းပါးတို့ကိုတင်းတင်းစေ့ကာ ခေါင်းညိတ်ပြလိုက်သည်။ ထယ်ရယ် မည်သို့များ ခေါင်းဆောင် ဘင်း အပေါ်အပြစ်ပြုခဲ့အခုလို သူ့ချည်းခံနေရကာ အကြိမ်းအမောင်းခံနေရသနည်း။ သူ့မှာ မျက်နှာလို မျက်နှာရ လုပ်ကာဖားတတ်သည့် အကျင့်လေးတစ်ခုပဲ ရှိတာပါ.။. ခေါင်းဆောင် ဘင်း ရက်စက်လှ၏..။ ထယ်ရယ့် ရင်ထဲ..မျက်ရည်မိုးတွေရွာနေတော့သည်။
"သွား..ယူဂျင်း ကိုဂုတ်ကနေဆွဲခေါ်လာခဲ့"
ဟန်ဘင်း က ထယ်ရယ် ကိုလွှတ်ပေးကာ ယူဂျင်း ကို ခေါ်လာရန် အမိန့်ပေးလိုက်တော့ ထယ်ရယ် သူ့ကိုယ်သူ ချက်ချင်းမတ်မတ်ရပ်ကာ အမိန့်ခံယူသည့်ပုံလုပ်နေသည်။
"ဟုတ်...ဟုတ်ကဲ့ပါ..ခေါင်းဆောင် ဘင်း .ဒါနဲ့..မှတ်လောက်သားလောက်ဖြစ်အောင် ရိုက်နှက်ခဲ့ရမလား"
သို့သော်...အရိုးဆွဲနေသည့်အကျင့်တို့သည် သေသည့်အထိဖျောက်ဖို့ခက် သည်...လျှာရှည်သည့် ဒီသကောင့်သားကိုတော့.. ဟန်ဘင်း သည်းမခံနိုင်သည့်အချိန်တစ်ချိန်တွင်..လျှာဖြတ်ပစ်တော့မည်။
"ထယ်ရယ် ရား....မင်းပါးစပ်ထဲက မင်းလျှာက မင်းအတွက် ပိုများနေတာလား.."

YOU ARE READING
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...