"ဂယူ.... နာတယ်...ဟင့်..."
ထမင်း ဗန်းလေးကို ဆောင့်အောင့် ချကာ တိုင်တန်းလာကြောင့် သူ စိတ်မကောင်းဖြစ်မိသည်...။ လူမြင်သာ သည့် နေရာမျိုးကို ရိုက်နှက်တာမဟုတ်ဘဲ.. အင်္ကျီ အောက်က ဖုံးလွှမ်းနိုင်သည့် နေရာမျိုးကို ရိုက်နှက်တတ်တာကြောင့် ဗိုက်မှာ အညိုအမဲ စွဲနေသည့် နေရာကို အင်္ကျီ လှန်ပြကာ မျက်ရည်လေး ဝဲတဲတဲ နဲ့ ပြရှာသည်...။ သို့သော် သူ့ အဖြစ်က ပွေ့ဖက်နှစ်သိမ့်ပေးချင်တာတောင် အခြေအနေမပေးတဲ့ဘဝ...။
" သတ်ပစ်ချင်တာ..... အား...အားလုံး... ကို သတ်ပစ်ပြီးသွားရင်...ဂယူ... ဂယူ... ပါး ကို လာ...ခေါ်မယ်နော်..."
မှန်အကြည်နံရံ ပေါ် လက်ဖဝါးနှစ်ဖက်လုံး ဖိကပ်ရင်း ပြောလာသည့် ဂယူ ကြောင့် သူ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျရပြန်သည်...။
" ခဏလေး.. သည်းခံလိုက်ပါဦး... ဂယူရယ်... ဂယူ... လူထပ်သတ်လို့မဖြစ်ဘူး... ဒယ်ဒီ ... က ဂယူ့ကို လာကယ်တော့မှာပါ...နော်... ဂယူ ကလိမ္မာတယ်လေ..."
" ခဏလေး...ခဏလေး....နဲ့.... အချိန်တွေ... ကြာ...ကြာ...နေပြီ... ဒယ်ဒီ့ ကိုလည်း ...သတ်...လိုက်ရအောင်..."
" ဂယူဗင်း !!... ဒယ်ဒီ လည်း သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေတယ်လေ... ဂယူ ဒီထောင်အကြောင်းသိရက်နဲ့.. ဒယ်ဒီက ဂယူ လောက် ဉာဏ်ကစားရတာ မတော်ဘူးလေ... ဒယ်ဒီ ကို အချိန်ခဏ ထပ်ပေးရအောင်နော်..."
" ဘင်း.... ဘင်း... က... ဂျီဂျူး ကို...ပြော...ပြောတယ်.... ဂျွန်ဟာ ကို သာ...တကယ်ချစ်...ချစ်ရင်.... ဘာလို့ တစ်နှစ်ကြာပြီမှ.... ဂီ..ဂီဝန်း ကို သတ်လဲတဲ့... သူ..သူ သာ ဆို သူ ချစ်ရတဲ့ လူ တခြားလူနားရှိနေတယ်ဆို... အဲ့ဒီတခြားလူ ကို ချက်ချင်း...ချက်ချင်း သတ်ပစ်မှာတဲ့......... ဘာလို့ ၁၀ နှစ်ကြာမှ လာ..လာ ကယ်တာလဲ... ဒယ်ဒီ... က... ပါး... ပါး ကို မချစ်လို့ပေါ့... ဒီအတိုင်း အ..အကုန်လုံးကို သတ်...သတ်ပစ်လိုက်ကြရအောင်... ဒါဆို...ဂယူ တို့ကို နာကျင်အောင် လုပ်မဲ့ သူမရှိတော့ဘူး....အင်း....ဒါပေမဲ့ ယုန်ကလေးကိုတော့ ဂယူ လိုချင်လို့ ချန်ထားမယ်နော်..."
ဂယူ ကတော့ ပြောပြီးသည်နှင့် ချာကနဲ့ မဟူရာမြေကနေ ခပ်ဖြည်းဖြည်းလှမ်းလျှောက်ရင်း အပြင်ကို ထွက်သွားခဲ့သည်...။ သူ..' မလုပ်ဖို့' အတန်တန်သတိပေးနေမယ့် ဂယူ့ နားထဲရောက်မရောက် သေချာမပြောနိုင်တော့...။
ВЫ ЧИТАЕТЕ
End Point
ФанфикшнLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...
