Ep - 38

561 61 91
                                    


‌‌ဟောင့် ဒီနေ့ အိပ်ရာက နိုးလာတော့ အခန်းတွင်းကျရောက်နေသည့် နေရောင်ခြည်နွေးနွေးက သူ့အားကြိုဆိုလို့နေသည်..။ သို့သော် ထိုအရာကပင် သူအား အရင်နေ့ရက်တွေနဲ့မတူ လစ်ဟာ မှုကို ပေးစွမ်းသည်..။

စက်ရုပ်တစ်ရုပ်လို နိုးထလာရပြီး စားပွဲခုံနဲ့ တင်ပါး ကပ်နေအောင်နေပြီး အမှုကောက်ကြောင်းလိုက်ဖော်နေစရာ မရှိတော့ ..။ ဂယူ့ ကို နှိပ်စက်မည့်သူများ လည်းမရှိတော့...။ သူ မှာ အလွန်အမင်း အားလပ်ခြင်းလို့ခေါ်မလား လွတ်လပ်ခြင်းလို့ခေါ်ရမလားသိတဲ့ စိတ်ခံစားချက်ကိုခံစားနေရသည်..။

ဟောင့် လသာဆောင် ကိုသွားတဲ့တံခါးကိုဖွင့်ပြီး အပြင်က မနက်ခင်းလေထုကို တဝရှူရှိုက်မိသည်..။

" မအေးဘူးလား.. ဟောင့်.."

ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ဂျီဝွန်းက ဟောင့်ပခုံးပေါ် ခြုံထည်ပါးလေးတစ်ခုတင်ပေးပြီး ပခုံးကိုဖက်ကာမေးလာတော့ ဟောင့် ခေါင်းခါပြလိုက်ရင်း သက်ပြင်းချလိုက်မိသည်။

" ဂျီဝွန်း.... ငါ အခုထိ မယုံနိုင်သေးဘူး.. အခုငါ ခံစားထိတွေ့နေတာ အစစ်တွေဆိုတာ.."

ဟောင့် ပြောချင်တဲ့အဓိပ္ပာယ်ကို ဂျီဝွန်းနားလည် သည် ၁၀ နှစ်တာလုံးလုံး နေရောင်မရှိသည့်အကျဉ်းခန်းလေးထဲ မီးရောင်တစ်ခုတည်းသာ အားပြုပြီးကျဉ်းကြပ်စွာနေထိုင်လာသည့် ဟောင့်က နေ့ချင်းညချင်း အပြင်ဘက်အခြေအနေနဲ့ချက်ချင်း အသားမကျသေး...။ ပြီးတော့ တစ်ယောက်တည်းနေလာရာကနေ လူတွေ အများကြီးရှိသည့် မိသားစုထဲရောက်လာသည့်အခါ တော်တော်လေးကို ကြောင်တောင်တောင် နိုင်ကာ ဘယ်သူ့စကားနားထောင်လို့ နားထောင်ရမှန်းမသိ..။ ဘယ်သူ့ကို စကားစပြောလို့ စပြောရမှန်းမသိ..။ ဘယ်သူ့ အမေးကို ပြန်ဖြေလို့ပြန်ဖြေရမှန်းမသိတာတွေ ဟောင့် မနေ့ညက ဖြစ်ခဲ့သေးသည်မဟုတ်လား..။

" လူများတာ မကြိုက်ရင် ကိုယ်တို့ ဖူကျန့် မှာ သွားနေမယ်လေ.."

ဂျီဝွန်းက ဟောင့် မေးဖျားလေးကို ဆွဲမော့ကာ မေးလိုက်တော့ ဟောင့်က ' ဒီမှာ နေဦးမယ်' ဟု မပွင့်တပွင့်ပြန်ဖြေသည်..။

End PointWhere stories live. Discover now