Ep -23

463 62 33
                                    

" ဒါက.. ဝန်ကြီးချုပ် အီ သဘောကျတဲ့ ရှန်ဟိုင်း မှာ နာမည်အကြီးဆုံး ပန်းချီဆရာ သာ့ရှန် ဆိုတာလေ..."

တောင်ကိုးရီးယားရဲ့ထိပ်တန်း ဟိုတယ် တစ်ခု၏ VVIP စားသောက်ခန်းအတွင်း ချောမောလှပလွန်းသည့် လူငယ်ပန်းချီဆရာလေးကို သူဌေးဝမ် က ဝန်ကြီးချုပ် အီဟျောင်းထယ်နဲ့မိတ်ဆက်ပေးတာကြောင့် သာ့ရှန် ဆိုသည့် ပန်းချီဆရာလေးမှာ ယဉ်ကျေးစွာပင် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်..။ သို့သော် ထိုလူငယ်သည် အရယ်အပြုံးတော့ သိပ် မရှိ..။ လှပလွန်းသည့် ရောင်စုံစက္ကူပန်းတုများနှင့်ပင် ခပ်ဆင်ဆင်...။

" အိုး... အသက်ကြီးကြီး အောက်မေ့နေတာ အတော့်ကို ငယ်နေတာပဲ...မိဘတွေကတော့ သိပ်ဂုဏ်ယူမှာပဲ အချင်းရော အဆင်းပါ ပြည့်စုံနေတော့လေ..."

" ဝန်ကြီးချုပ် က သိပ်မြှောက်လွန်းနေပါပြီ.. ကျွန်တော့်ကို အမေမုဆိုးမကြီးက တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တာပါ.. ဒါပေမဲ့ ကျွန်တော်က မလိမ္မာပါဘူး.. သူ ကျောင်းတက်ဖို့ ပေးလိုက်တဲ့ပိုက်ဆံ တွေနဲ့ လောင်းကစားလုပ်ပစ်လိုက်တယ်လေ.."

ရုပ်တည်ကြီးနဲ့ အရွန်းဖောက်စကားတွေပြောလာသည့် သာ့ရှန် ဆိုသည့် ပန်းချီဆရာလေး စကားကြောင့် ဝန်ကြီးချုပ် အီ က သဘောကျစွာပြုံးပြီး သူဌေးဝမ် ဘက်လှည့်ကာ 'ဒီလူငယ်လေး မဆိုးဘူးပဲ' ဟု ခပ်တိုးတိုးကြိတ် ချီးကျူးလိုက်သည်။

"ကဲ ပါလေ ကွေ့ပတ်ပြီး စကားတွေ မပြောချင်ပါဘူး... ကျွန်တော် ဒီက ဆရာလေး ရဲ့ Faded way ဆိုရဲ့ ပန်းချီကားကို ဝယ်ချင်လို့ပါ..."

ဝန်ကြီးချုပ်အီ ရဲ့ တဲ့တိုးသည့် စကားကို လူငယ်က သဘောကျပုံရကာ နှုတ်ခမ်းပြေသွားရုံသာ ပြုံးလိုက်သည်..။

" အဲ့ဒီ ပန်းချီ ကားက ရောင်းဖို့ မဟုတ်တာ ရှန်ဟိုင်း ကအနုပညာအသိုင်းအဝိုင်းတစ်ခုလုံးသိပြီးသားပါ.."

" ဘယ်လောက်ဖြစ်ဖြစ် တောင်းဆိုလို့ရပါတယ်...သမ္မတကတော် အရမ်းသဘောကျတဲ့ ပန်းချီကားမို့ ရောင်းလိုက်ရင် ဆရာလေး အတွက်လည်း အကျိုးအမြတ်အများကြီးရလာမှာပါ.."

" ဟင်း.. ကျွန်တော်က ပိုက်ဆံရှိသင့်သလောက်ရှိသလို နာမည်လည်း အထိုက်အလျှောက်ရပြီးသားလူပါ.. ကျွန်တော့်အတွက် ဘာလိုဦးမယ် ထင်လို့လဲ ဝန်ကြီးချုပ်.."

End PointWhere stories live. Discover now