ထောင်ခါချိန် အမဲလိုက်ပွဲ စတုတ္ထနေ့
5 : 40 AM
သားကောင်ထွက်ပေါ်လာသည့် အချိန်ဖြစ်သည်..။ အချိန်ဒေါင်ခနဲကျရောက်လာသည်နှင့် သူ့ smart watch ပေါ် မည်သည့်နာမည်မှ မပေါ်လာသည်နှင့် သူ ရဲဝင့်စွာပင် စုဝေးကွင်း အလယ်တည့်တည့်တွင် နေရာယူလိုက်တော့သည်..။
စတုတ္ထနေ့ နောက်ဆုံးသားကောင် ဘင်း.............။
" ပတ်အင်ဟာ... အရင်တိုက်ကြမလား..."
ဘင်း က အကြောက်အရွံ့မဲ့စွာ တပည့်တပန်းတွေနောက်ပုန်းနေသည့် ပတ်အင်ဟာကို ရန်စလိုက်သည်..။ ဘယ်လိုသားကောင်မျိုးမို့ အမဲလိုက်သူတွေ ဝန်းရံနေတဲ့ကွင်းပြင်ထဲ အမဲလိုက်သူ ကို စိန်ခေါ်ဝံ့သနည်း..။
" အာ.. မင်းက $ သူရဲဘောကြောင်တဲ့ကောင်ဆိုတော့...ထားတော့.."
ဘင်း ဘာမထီနဲ့မမူအရာနဲ့ပြောပြီးသည်နှင့် ထွီ ဆိုပြီ ရွံရှာသလို အပြုအမူလုပ်ပြလိုက်သေးသည်..။
" တိုက်ကြလေ ဘာလုပ်နေတာလဲ.. ဒီကောင့်ကို သတ်နိုင်တဲ့လူကို နောက်နေ့ သားကောင်တွေ သတ်ပြီး ငါ ပွိုင့်တွေ ထပ်မျှပေးမယ်..."
ပတ်အင်ဟာ က တုန်လှုပ်စွာပင် တခြား အမဲလိုက်သူ အကျဉ်းသားတွေကို ဆော်ဩလိုက်တော့ ပတ်အင်ဟာ နောက်လိုက်တချို့က ဘင်း ရပ်နေတဲ့ဆီ ပြေးဝင်လာတော့သည်..။
ဘင်း ကိုဝိုင်းတိုက်ခိုက်တဲ့သူတွေထက် ဘင်း က ပိုပြီးလျင်မြန်လွန်းတာကြောင့် သူ့ထံရောက်လာသည့် လက်သီးချက်တွေနဲ့ ကန်ချက်တွေကို အသာလေးရှောင်လိုက်ပြီး သူ နဲ့အနီးဆုံးလူတစ်ယောက်ရဲ့ ဝမ်းဗိုက်ကို အားပြင်းပြင်းနဲ့ကန်ထည့်လိုက်တော့ ထိုလူက ယိုင်လဲကျကာ သူ့နောက်က လူတွေပေါ်သွားပိ မိလို့နေသည်..။
ထိုလဲကျနေသည့် လူရဲ့ဗိုက်ပေါ် ခြေထောင်တစ်ချောင်းနဲ့တပ်ဖိကြိတ်နင်းကာ ရပ်နေပြီး ထိုနေရာကို သူ့အောင်မြေလို့သတ်မှတ်နေလိုပင်..။ ပတ်အင်ဟာ ဘက်လှည့်ကာ ဗီလိန်ပြုံးတစ်ခုပြုံးပြလိုက်သေးသည်..။
နောက်ထပ် မိုက်ရူးရဲဆန်စွာပြေးဝင်လာသူကို ရဲ့ လက်ကောက်ဝတ်ကိုဖမ်းဆွဲကာ လည်ပင်းရိုးကို လက်ဝါးစောင်းဖြင့် အားပြင်းပြင်းနဲ့ဖြတ်ရိုက်ချလိုက်တာ့ ထိုသူက နေရာတင်ပုံလျက်လဲကျသွားတော့သည်..။
YOU ARE READING
End Point
FanfictionLet's exchange Lives for Death ! How....??? ....Interesting......?? Waiting for you In Death Land ..! ( Sep 13 , 2023 to Oct 29, 2023 ) { This fanfiction is only my creation thoughts . I don't want to harm nobody} ဤ Fanfiction သည် စာရေးသူ၏ စိတ်ကူးအ...