Ep - 5

526 63 5
                                    

End Point ဆိုတဲ့ အဖွဲ့အစည်းအောက်တွင်ရှိသည့် Win, Wild , Wise , Warm စတဲ့ အဖွဲ့ကြီး ၄ ခု မှ မျိုးရိုးဗီဇမြင့်လူသားစွမ်းအင်သစ် ( HDNA ) ဦးဆောင်တဲ့ ခေါင်းဆောင်တွေဟာ လူသားစွမ်းအင်သစ် သုတေသနမှ စမ်းသပ်မှုကနေ မွေးဖွား ထားသည့် လူသားများဖြစ်သည်ဟု ကောလဟာလအချို့ လည်းရှိခဲ့သေးသည်။

" အဲ့ဒီကလေးတွေကို ဘာလုပ်ဖို့မွေးထားတာလဲ..."

ထောင်မှူးချုပ်မှ မြက်ခင်းစိမ်း အဆောင် ခေါင်းဆောင် ပတ်အင်ဟာ ကို နားမလည်စွာမေးလိုက်သည်။ ပတ်အင်ဟာ ဆိုသူက ချက်ခြင်းပြန်မဖြေဘဲ ရှိုက်ထားသည့် ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီး စုဝေးကွင်းက စိတ်ဝင်စားစရာတစ်ခုကို စူးစိုက်ကြည့်နေသည်..။

" လိုချင်တဲ့သူတွေကို ပြန်ရောင်းစားဖို့ပေါ့..."

" ဘယ်သူတွေက အဲ့ဒီလို ကလေးမျိုးတွေကို လိုချင်မှာလဲ... မျက်နှာမြင်နေရရင်တောင် ကျောချမ်းစရာကောင်းအောင်..."

" တချို့ လူတန်းစာအလွှာတစ်မျိုးရှိတယ်... သူတို့တွေမှာ ကလေးတွေရဲ့ အရည်အချင်း က သူတို့အတွက် အဆင့်အတန်းတစ်ခုလို့သတ်မှတ်ကြတဲ့ အသိုင်းအဝိုင်းတစ်မျိုးပေါ့... သူတို့က အဲ့ဒီကလေးတွေကို အလိုရှိကြတယ်..."

" ဒါဆို HDNA ရှိတဲ့ ကလေး ဘယ်နှယောက်လောက်က သာမန် လူ့အသိုင်းအဝိုင်းထဲ ရောက်ခဲ့တယ်လို့ ထင်လဲ ခေါင်းဆောင် ပတ် ..."

ထောင်မှူးချုပ်က တွေးတွေးဆဆဖြင့် ခေါင်းဆောင် ပတ် ကိုမေးလိုက်တော့ ခေါင်းဆောင် ပတ် က မရယ်ချင် ရယ်ချင်ရယ်လိုက်သည်...။

လွန်ခဲ့သည့် ၁၀ နှစ်က End Point သုတေသနအဖွဲ့အစည်းကို သက်ဆိုင်ရာက ခြေရာခံမိကာ ဖြိုခွဲနိုင်ခဲ့ပြီး.. Win, Wild , Wise , Warm အဖွဲ့ကြီး လေးခုလုံးပျက်စီးသွားကာ HDNA ကလေး တော်တော် များများ သေကြေခဲ့ကြသည်...။

အဖွဲ့ကြီး ၄ ခုမှ ခေါင်းဆောင် ၃ ယောက်ပျောက်ဆုံးခဲ့ပြီး အဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ကတော့ အသက်ရှင်လျက်ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းသဲ့သဲ့ထွက်ဖူးသည်။

" N. I . S ကို သွားမေးလေ... သူတို့ ဝင်သိမ်းခဲ့တာ စာရင်း ဇယားတွေ သူတို့မှာရှိမှာတော့ ဘာကိစ္စ ကျုပ်ကို လာမေးနေတာလဲ ထောင်မှူးချုပ်ကြီးရယ်..."

End PointTempat cerita menjadi hidup. Temukan sekarang