Extra Point -5

481 58 34
                                    


10. ခတ္တ ဗီလိန်

ည ၈ နာရီကျော်လောက်မှ ထယ်ရယ် သူ့တို့ ပင်လယ်ပြာနားနေဆောင်သို့ ပြန်လာခဲ့သည်...။

" မက်သရူး ကို နှလုံးလည်းအချိန်မီ နိုးပေးပြီး ပို့ပေးမယ့် သူတွေလက်ထဲ သေသေချာချာ အပ်ခဲ့တယ် ခုနလေးတင်က အိပ်ပြန်ရောက်ပြီလို့ ပြောတယ် ခေါင်းဆောင် ဘင်း.. အခု ကျွန်တော့်ကို 1.3 အစစ် ဘယ်သူဆိုတာ ပြောလို့ရပြီလား... ခေါင်းဆောင် ဝွန်းက ဘယ်နည်းနဲ့မှ 1.3 မဖြစ်နိုင်ဘူး.."

" အေး အဲ့ဒါဆိုလည်း 1.3 က မင်း ထင်နေတဲ့ တစ်ယောက်‌ပေါ့.."

ဘင်း စီးကရက်ကို ရှိုက်လိုက်ပြီး အေးအေးလူလူပြန်ပြောသည်..။

" ဒါပေမဲ့ အခု ခေါင်းဆောင် ဘင်း ကြည့်ရတာ အသက်ရှူကြပ်တာမျိုး မရှိသလိုပဲ.."

" အင်း ငါ ဗိုင်းရပ်စ် တစ်မျိုး ထိုးထားလို့ အနံ့မရတာ..."

" ခေါင်းဆောင် ဘင်း ကျွန်တော့်ကို အကြာကြီးလှည့်စားထားတယ်နော်... ကျွန်တော် 1.3 အစစ် ဘယ်သူလဲဆိုတာ သိချင်ရုံလေးပဲဟာ အဲ့ဒီလောက် ခဲယဉ်းနေတာလား.."

" ခဲယဉ်းတယ်.... မက်သရူး အနားမှာရှိနေတဲ့အချိန်တိုင်း ငါ့ ဘယ်သူလဲ ဆိုတာ ထုတ်ပြဖို့ ခဲယဉ်းတယ်... ငါက အသက် ၂ ချောင်း ဝန်ကို ထမ်းထားရတာ.. သွေးမထွက်ဘဲ ငါသေရင် တစ်မျိုးဆိုပေမယ့် သွေးထွက်သံယို ဖြစ်ခဲ့ရင် နောက်ထပ် အလွယ်လေး အသက်ခံရမယ့်သူက မက်သရူး မို့လို့... အခုတော့ မင်း ငါ့ကို သတ်ချင်လည်း သတ်လို့ရတယ်..."

" ကျွန်တော် ခင်ဗျားဆီက ရောဂါကာကွယ်ဆေးထုတ်လို့ရမယ့် အရာတစ်ခုရှိနေတာ ဆိုသိထားတယ်.. အခု အပြင်ဘက်မှာ ကပ်ရောဂါ ဆိုးတစ်ခုကို ရင်ဆိုင်နေရတယ်.. အဲ့ဒီအတွက် ကာကွယ်ဆေးလိုတယ်.. ခင်ဗျား နည်းနည်းလောက် မျှ နိုင်မလား... လူအသက်ပေါင်းများစွာ ကယ်နိုင်မှာပါ.."

" ရှိလား??? နှစ်တွေအများကြီး ကြာပြီဆိုတော့ မေ့ကုန်ပြီး ငါ စဉ်းစားလို့ရရင် မင်းကိုပြောပြမယ်..."

ဘင်း က နှဖူးကြောကိုရှုံ့တွကာ ပြန်ဖြေလိုက်ပြီး ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်သည်..။ 1.3 လိုလူမျိုးက မေ့တယ် ဆိုတဲ့စကားသုံးလာတဲ့အခါ ထယ်ရယ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်..။

End PointWhere stories live. Discover now