Ep -27

537 69 120
                                    

ထောင်ခါချိန် အမဲလိုက်ပွဲ ပထမ နေ့ ..................။

မက်သရူး ပုံမှန် အိပ်ရာထချိန် ၅ နာရီထက် စောပြီး နိုးနေခဲ့သည်..ည က ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား‌တောင် သူ မမှတ်မိ...။ ဘေးနားက မျက်လုံးတွေမှိတ်ထားဆဲ ဟန်ဘင်း တစ်ယောက် နိုးနေတာ မက်သရူး သိနေသည်တိုင် ဘာထွေထွေထူးထူး ဂရုစိုက်မနေတော့ဘဲ မက်သရူး သူ့ ဘာသာ သူ မျက်နှာသစ်ရေမိုးချိုးဖို့ ပြင်လိုက်သည်..။

မက်သရူး ရဲ့ လေးပင်ကာ ပူလောင်နေသည့် စိတ်အစဉ်က ရေချိုးလိုက်တာတောင် ပျောက်ကွယ်သွားခြင်းမရှိဘဲ နာရီလက်တံတွေက သေမင်းတမန်ဆီ သွားရန်အချိန် ကို တရွေ့ရွေ့ ဆက်သွားနေသည်။

လူက အဆင်သင့်ဖြစ်နေပေမယ့် စိတ်က အဆင်သင့်မဖြစ်သေးတဲ့ မက်သရူး က ၆ နာရီ မထိုးမချင်း အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရန်ရည်ရွယ်ထားသလားထင်ရအောင် အခန်းထဲ သူ့ ခြေရာချင်း ထပ်နေပြီ..စိတ်လှုပ်ရှားမှုကြောင့် သူ့ လက်သည်းတွေလည်း သူကိုက်နေမိသည်..။

" စိတ်ငြိမ်ဆေး သောက်ထားမလား မက်သရူး.."

ရေချိုးပြီးထွက်လာတဲ့ ဟန်ဘင်းက ရေစိုနေသည့် သူ့ဆံပင်တွေကို သဘတ်ဖြင့်ပွတ်သုတ်နေရင်း မက်သရူး အခြေအနေကို ရိပ်စားမိတာကြောင့် မျက်မှောင်ကျုံ့ကာ အသံတည်တည်ငြိမ်ငြိမ် နဲ့ မေးလိုက်တော့ မက်သရူး က ခေါင်းခါပြသည်..။ ဟန်ဘင်း အခုတလော မက်သရူး ကို ခေါ်နေကျအတိုင်း ဟန်နီ ဒါမှမဟုတ် အချစ် လို့တောင် နာမ်စားတပ်မခေါ်ဖြစ်.. မက်သရူး စိတ်ပျော့သွားမှာရော သူကိုယ်တိုင်လည်း စိတ်ပျော့သွားမှာစိုးတာကြောင့် မက်သရူး ဟုသာ သုံးနှုန်းနေခဲ့သည်။

" ဗိုက်မဆာဘူးလား.... "

ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ခြင်းအမှုကို အဆုံးမသတ်နိုင်သေးသည့် မက်သရူး ကို ဟန်ဘင်း က Smart watch ကိုလက်မှာ ပတ်နေရင်း မေးလိုက်သည်..။

" မဆာဘူး... စားရင်လည်း အန်ထွက်လိမ့်မယ်...ယူဂျင်း လည်း မနေ့ညက အဆောင်ပြန်မလာဘူး...ကိုကို တွေ့သေးလား.."

" မတွေ့တာ ကောင်းတာမဟုတ်ဘူးလား.. မင်းတောင် ဒီလောက် ဖြစ်နေတာ..ဟိုကလေးဆို ပိုဆိုးမှာပေါ့.. တစ်နေရာရာ ပုန်းနေလောက်ပြီပေါ့.. သူ သွားရာ ဂယူ က ထပ်ချပ်မကွာလိုက်မှာမို့ စိတ်ပူမနေနဲ့.... ထိုင်ရင်လည်းထိုင် ခဏပြန်အိပ်ရင်လည်းအိပ်.. မင်းကို ကြည့်ရတာ ကိုယ် ခေါင်းတွေမူးနောက်လာပြီ.."

End PointUnde poveștirile trăiesc. Descoperă acum